ဟူဒ် · 75/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
إِنَّ إِبْرَاهِيمَ لَحَلِيمٌ أَوَّاهٌ مُّنِيبٌ ۝٧٥
Inna Ibraaheema lahaleemun awwwaahum muneeb
📖 မြန်မာဘာသာ
ဧကန်စင်စစ် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် အလွန်တရာ ထောက်ထား စာနာတတ်သူ၊ အလွန်တရာတိုးလျှိုးတောင်းပန်သူ၊ အလွန်တရာ နောင်တရတတ်သူပင်ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 73-77 — စူရာ ဟူဒ်

73قَالُوا أَتَعْجَبِينَ مِنْ أَمْرِ اللَّهِ ۖ رَحْمَتُ اللَّهِ وَبَرَكَاتُهُ عَلَيْكُمْ أَهْلَ الْبَيْتِ ۚ إِنَّهُ حَمِيدٌ مَّجِيدٌ
ထိုစေတမန်တို့က (နဗီတမန်တော်ဣဗ်ရာဟီမ်၏ကြင်ရာတော် စာရဟ်သခင်မအား ဤသို့) ပြောဆိုဖြေကြားခဲ့ကြလေသည်။ အသင်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို အံ့ဩ၍နေပါသလော။ အို-(နဗီတမန်တော်အစ်ဗ်ရာဟီမ်၏) အိမ်သူအိမ်သားတို့ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်လည်း ကောင်း၊ ထိုအရှင်မြတ်၏ ကောင်းချီးမင်္ဂလာအဖြာဖြာတို့သည်လည်းကောင်း၊ အသင်တို့အပေါ်၌ကျရောက် မြဲပင် ဖြစ်ချေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ချီးမွမ်းထောပနာပြုခြင်းကို ခံထိုက်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
74فَلَمَّا ذَهَبَ عَنْ إِبْرَاهِيمَ الرَّوْعُ وَجَاءَتْهُ الْبُشْرَىٰ يُجَادِلُنَا فِي قَوْمِ لُوطٍ
တစ်ဖန် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်(၏စိတ်ထဲ)မှစိုးရိမ်မှုသည် ကင်းရှင်း၍သွားပြီးနောက် ယင်း၏ထံသို့ဝမ်းမြောက်ဖွယ်ရာသတင်းကောင်း ရောက်ရှိလာသောအခါထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်(နဗီတမန်တော်)လူ(တ်)၏အမျိုးသားတို့နှင့်ပတ်သက်၍ ငါအရှင်မြတ်(၏ ကောင်းကင်တမန်များ)နှင့် အငြင်းအခုံ ပြုလုပ်လေတော့သည်။
75إِنَّ إِبْرَاهِيمَ لَحَلِيمٌ أَوَّاهٌ مُّنِيبٌ
ဧကန်စင်စစ် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် အလွန်တရာ ထောက်ထား စာနာတတ်သူ၊ အလွန်တရာတိုးလျှိုးတောင်းပန်သူ၊ အလွန်တရာ နောင်တရတတ်သူပင်ဖြစ်ပေသတည်း။
76يَا إِبْرَاهِيمُ أَعْرِضْ عَنْ هَٰذَا ۖ إِنَّهُ قَدْ جَاءَ أَمْرُ رَبِّكَ ۖ وَإِنَّهُمْ آتِيهِمْ عَذَابٌ غَيْرُ مَرْدُودٍ
အို-အစ်ဗ်ရာဟီမ်၊ အသင်သည် ဤသည်မှရှောင်ဖယ်၍နေပါလေ။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်သည် ရောက်ရှိခဲ့လေပြီ။ ထိုမှတစ်ပါး ၎င်းတို့ထံ ပြန်လည် ရုပ်သိမ်းခြင်းမရှိသော ပြစ်ဒဏ်ကျရောက်တော့မည်မှာ ဧကန်မလွဲတည်း။
77وَلَمَّا جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالَ هَٰذَا يَوْمٌ عَصِيبٌ
ထို့နောက် ငါအရှင်မြတ်၏ စေတမန်တော်များသည် (နဗီတမန်တော်)လူ(တ်)၏ထံသို့ ရောက်ရှိလာ ခဲ့ကြသောအခါ ထို(နဗီတမန်တော်)လူ(တ်)သည် ၎င်းတို့အတွက် ရတက်မအေးဖြစ်ခဲ့ရသည့်ပြင် ၎င်းတို့အတွက် အလွန် စိတ်ကျဉ်းကျပ်ခြင်းလည်း ဖြစ်ခဲ့လေသည်။ ထိုမှတစ်ပါး ဤနေ့သည် အလွန်ခက်ခဲသောနေ့ပင် ဖြစ်ပေသည်တကားဟု ထို(နဗီတမန်တော်)လူ(တ်)သည် ပြောဆိုမြည်တမ်းခဲ့လေသတည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
75အာယာသ်

ဘာသာပြန် — ဟူဒ် 75

စူရာ ဟူဒ် အာယာသ် 75 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် အလွန်တရာ ထောက်ထား စာနာတတ်သူ၊ အလွန်တရာတိုးလျှိုးတောင်းပန်သူ၊ အလွန်တရာ နောင်တရတတ်သူပင်ဖြစ်ပေသတည်း။

စူရာ အာယာသ် 75/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 73–77. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers