အလ်-ဗကရ · 210/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
هَلْ يَنظُرُونَ إِلَّا أَن يَأْتِيَهُمُ اللَّهُ فِي ظُلَلٍ مِّنَ الْغَمَامِ وَالْمَلَائِكَةُ وَقُضِيَ الْأَمْرُ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ ۝٢١٠
Hal yanzuroona illaaa ai yaatiyahumul laahu fee zulalim minal ghamaami walmalaaa`ikatu wa qudiyal amr; wa ilal laahi turja`ulumoor
📖 မြန်မာဘာသာ
(ထိုသူများသည် သက်သေလက္ခဏာတော်များ ကို အထင်အရှား တွေ့မြင်ကြပါလျက်နှင့်ပင် တရားဒေ သနာတော်များကိုသွေဖည်လျက် ရှိကြကုန်၏) ယင်းသူတို့ သည် မိမိတို့ထံသို့ အလ္လာဟ်အရှင်မြတ်သည် အပါးတော် စေတမန်များနှင့်တကွ (ယင်းသူတို့အား) (ကွပ်မျက်တော်မူရန်) တိမ်တိုက်များ မိုးလျက်<ကရောက်လာပြီး၊ ကိစ္စပြီးဆုံးသွားခြင်း ကိုသာ စောင့်မျှော်နေကြကုန်၏။ အမှန်သော်ကား အရေးကိစ္စ ဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် ထံတော်ပါးသို့ ပြန်လည် ရောက်ကြ ရမည်သာ ဖြစ်ကုန်သတည်း။>

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 208-212 — စူရာ အလ်-ဗကရ

208يَا أَيُّهَا الَّذِينَ آمَنُوا ادْخُلُوا فِي السِّلْمِ كَافَّةً وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ
အို-ယုံကြည်သူ’မုအ်မင်န်’အပေါင်းတို့ အသင်တို့ သည်အစ္စလာမ်သာသနာတော်အတွင်းသို့လုံးလုံးလျားလျား(စိတ် ရောကိုယ်ပါ) ဝင်ကြကုန် လော့၊ ၎င်းပြင် ရှိုင်တွာန်၏ နောက်သို့ ဖဝါးခြေထပ် မလိုက်ကြ ကုန်လင့်၊ ထိုရှိုင်တွာန်သည် မုချ သင်တို့အဖို့ ထင်ရှားသော ရန်သူပင် ဖြစ်ပေသည်။
209فَإِن زَلَلْتُم مِّن بَعْدِ مَا جَاءَتْكُمُ الْبَيِّنَاتُ فَاعْلَمُوا أَنَّ اللَّهَ عَزِيزٌ حَكِيمٌ
ထို့ကြောင့် (အစ္စလာမ်သာသနာရေးရာနှင့် စပ် လျဉ်း၍) ထင်ရှားသော သက်သေလက္ခဏာများ အသင် တို့ထံ ရောက်ရှိလာပြီးသည့် နောက်သော်မှပင် အသင်တို့သည် (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်မှ) ချွတ်ချော် တိမ်းပါးသွား ခဲ့ကြသော် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနု ဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော် မူသည်ကို အသင်တို့သည် ကောင်းစွာ ယုံကြည် မှတ်သားထားကြကုန် လော့။
210هَلْ يَنظُرُونَ إِلَّا أَن يَأْتِيَهُمُ اللَّهُ فِي ظُلَلٍ مِّنَ الْغَمَامِ وَالْمَلَائِكَةُ وَقُضِيَ الْأَمْرُ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
(ထိုသူများသည် သက်သေလက္ခဏာတော်များ ကို အထင်အရှား တွေ့မြင်ကြပါလျက်နှင့်ပင် တရားဒေ သနာတော်များကိုသွေဖည်လျက် ရှိကြကုန်၏) ယင်းသူတို့ သည် မိမိတို့ထံသို့ အလ္လာဟ်အရှင်မြတ်သည် အပါးတော် စေတမန်များနှင့်တကွ (ယင်းသူတို့အား) (ကွပ်မျက်တော်မူရန်) တိမ်တိုက်များ မိုးလျက်<ကရောက်လာပြီး၊ ကိစ္စပြီးဆုံးသွားခြင်း ကိုသာ စောင့်မျှော်နေကြကုန်၏။ အမှန်သော်ကား အရေးကိစ္စ ဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် ထံတော်ပါးသို့ ပြန်လည် ရောက်ကြ ရမည်သာ ဖြစ်ကုန်သတည်း။>
211سَلْ بَنِي إِسْرَائِيلَ كَمْ آتَيْنَاهُم مِّنْ آيَةٍ بَيِّنَةٍ ۗ وَمَن يُبَدِّلْ نِعْمَةَ اللَّهِ مِن بَعْدِ مَا جَاءَتْهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
(အို-နဗီတမန်တော်) ငါအရှင်သည် ထို (အစ္စရာအီလီ) မျိုးနွယ်ဝင်တို့အား ထင်ရှားသော သက်သေလက္ခဏာများကို အဘယ်မျှ ပေးသနားတော် မူခဲ့သည်ကို အသင်သည် ယင်းအစ္စရာအီလီမျိုးနွယ် ဝင်တို့အား မေးမြန်းပါလေ။ အကြင် သူသည် ၎င်းထံသို့ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များ ရောက်ပြီး သည့်နောက် တနည်းတဖုံ ပြောင်းလွှဲခဲ့ပါမူ အလ္လာဟ် အရှင်မြတ်သည် အပြစ်ဒဏ်ကို ပြင်းထန်စွာစီရင် တော်မူသော အရှင် ဖြစ်တော်မူလေသတည်း။
212زُيِّنَ لِلَّذِينَ كَفَرُوا الْحَيَاةُ الدُّنْيَا وَيَسْخَرُونَ مِنَ الَّذِينَ آمَنُوا ۘ وَالَّذِينَ اتَّقَوْا فَوْقَهُمْ يَوْمَ الْقِيَامَةِ ۗ وَاللَّهُ يَرْزُقُ مَن يَشَاءُ بِغَيْرِ حِسَابٍ
(အမှန်စင်စစ်) မယုံမကြည်သွေဖည်ငြင်းဆန် ကြကုန်သော ကာဖိရ်တို့သည် ဤပစ္စုပ္ပန်ဘဝ၌ အသက်ထင် ရှားနေထိုင်ခြင်း(နှင့်လောကီစည်းစိမ် တို့)ကို ကောင်းမွန်သည် ဟု ထင်မြင်ယူဆပေရာ ယင်းသူတို့သည် ယုံကြည်သဒ္ဓါတရား ထားရှိကြကုန် သော မုအ်မင်န်တို့ကို ပြက်ရယ်ပြောင်လှောင်ကြ လေသည်။ စင်စစ်သော်ကား (အလ္လာဟ်အရှင်မြတ် အား) ကြောက်ရွံ့ရိုသေ၍ ပြစ်မှုဒုစရိုက်တို့မှကြဉ် ရှောင်သော သူများ သည် ရှင်ပြန်ထမည့်နေ့တွင် ထိုကာဖိရ်တို့ထက် သာလွန်မြင့် မြတ်ကြကုန်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုတော်ရှိသောသူတို့ကို အတိုင်းမရှိ စားနပ်ရိက္ခာ များကို ပေးသနားတော်မူလေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
210အာယာသ်

ဘာသာပြန် — အလ်-ဗကရ 210

စူရာ အလ်-ဗကရ အာယာသ် 210 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုသူများသည် သက်သေလက္ခဏာတော်များ ကို အထင်အရှား တွေ့မြင်ကြပါလျက်နှင့်ပင် တရားဒေ သနာတော်များကိုသွေဖည်လျက် ရှိကြကုန်၏) ယင်းသူတို့ သည်…

စူရာ အာယာသ် 210/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 208–212. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers