အလ်-ဗကရ · 71/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ لَّا ذَلُولٌ تُثِيرُ الْأَرْضَ وَلَا تَسْقِي الْحَرْثَ مُسَلَّمَةٌ لَّا شِيَةَ فِيهَا ۚ قَالُوا الْآنَ جِئْتَ بِالْحَقِّ ۚ فَذَبَحُوهَا وَمَا كَادُوا يَفْعَلُونَ ۝٧١
Qaala innahoo yaqoolu innahaa baqaratul laa zaloolun tuseerul arda wa laa tasqil harsa musallamatullaa shiyata feehaa; qaalul `aana jita bilhaqq; fazabahoohaa wa maa kaado yaf`aloon
📖 မြန်မာဘာသာ
ထိုအခါ နဗီတမန်တော်မူစာ(အလိုင်ဟစ္စလာမ်) က (ဟယ်-အချင်းတို့) အလ္လာဟ် အရှင်မြတ်က (ဤကဲ့သို့) မိန့်ကြားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ် ယင်းနွားမသည်လယ်မြေ၌ ပင်ပန်းစွာ စေစားခြင်း၊ ထွန်ယက်ဘူးခြင်းသော်လည်းကောင်း၊(ထွန်ယက် ပြီးသော) လယ်ယာမြေများထဲသို့ ရေသွင်းပေးဘူးခြင်း သော်လည်းကောင်း မရှိစေရ၊ ထို့ပြင်မှဲ့စွန်းခြင်း၊ ကွက်ကျားခြင်း (အစရှိသော ချို့တဲ့ခြင်းအပေါင်းတို့) မှလည်း ကင်းစင်သော နွားမ ဖြစ်ရမည်ဟုဖြေကြားလေသည်။ (ယင်းကဲ့သို့ အဖြေများကို ရရှိသော အခါ) ထိုသူတို့က (အို-နဗီတမန်တော် မူစာ) ယခုမှသာလျှင် အသင်သည်ဤကိစ္စကို (အကျွန်ုပ်တို့အား) မှန်ကန်စွာ ရှင်းလင်းဖော်ပြညွှန်ကြား ပြသလေပြီ (ဟု ဝန်ခံကြပြီးနောက် ထိုကဲ့သို့သောနွားမတစ်ကောင်ကို လိုက်လံရှာဖွေ၍ အရှင်မြတ်၏ နာမံတော်ဖြင့်) သတ်ဖြတ်ကြကုန်၏။ သို့သော် စင်စစ် ထိုသူတို့သည်(ထိုအမိန့်တော်ကို) လိုက်နာပြုလုပ်ချင်ဟန် မရှိခဲ့ကြချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ

  • ذَلُولٌ (ဇလူလ်) — လယ်ယာလုပ်ငန်း၊ ရေသယ်ခြင်းစသည့် အလုပ်များအတွက် အသုံးပြုရန် အလိုက်တသိ ယဉ်ပါးအောင် လေ့ကျင့်ထားသော၊ အလုပ်ခိုင်းရန် အသင့်ဖြစ်နေသော။
  • تُثِيرُ الْأَرْضَ (သူသီရုလ် အိရ်ဒ်) — မြေကို ထွန်ယက်ခြင်း၊ မြေကြီးကို လှုပ်ရှားစေခြင်း။
  • تَسْقِي الْحَرْثَ (တက်စ်ကီလ် ဟရ်စ်) — လယ်ကွင်းကို ရေလောင်းပေးခြင်း၊ ရေသယ်ပေးခြင်း။
  • مُسَلَّمَةٌ (မုစလ္လမဟ်) — ချို့ယွင်းချက်အားလုံးမှ ကင်းစင်သော၊ အပြစ်အနာအဆာ ကင်းရှင်းသော။
  • شِيَةَ (ရှိယဟ်) — အရောင်ကွဲ၊ အစက်အပြောက်၊ ခန္ဓာကိုယ်၏ အရောင်နှင့် မတူညီသော အမှတ်အသား။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) က သူတို့အား ပြန်လည်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ ထိုနွားမသည် လယ်ယာထွန်ယက်ခြင်း၊ ရေသယ်ခြင်း စသည့် မည်သည့်အလုပ်ကိုမျှ ခိုင်းစေရန် ယဉ်ပါးအောင် လေ့ကျင့်ထားခြင်း မရှိသော၊ မြေကို ထွန်ယက်ခြင်း မပြုသော၊ လယ်ကွင်းကို ရေလောင်းပေးခြင်း မပြုသော၊ ချို့ယွင်းချက်အားလုံးမှ ကင်းစင်ပြီး ခန္ဓာကိုယ်၏ အရောင်နှင့် ကွဲပြားသော အစက်အပြောက်၊ အမှတ်အသား လုံးဝမရှိသော နွားမဖြစ်သည်ဟု မိန့်တော်မူကြောင်း ပြောကြားခဲ့သည်။

ထိုအခါ အစ္စရာအီလ်လူမျိုးတို့က “ယခုမှသာ အသင်သည် နွားမ၏ လက္ခဏာကို အတိအကျ ရှင်းလင်းစွာ ဖော်ပြပေးခဲ့သည်” ဟု ဆိုကြပြီး နောက်ဆုံးတွင် ထိုနွားမကို သတ်ရန် ဖိအားပေးခံရသကဲ့သို့ ဖြစ်လာကာ သတ်ခဲ့ကြသည်။ သို့သော် သူတို့သည် ခေါင်းမာမာဖြင့် အကြိမ်ကြိမ် မေးခွန်းထုတ်ခြင်း၊ အငြင်းအခုံလုပ်ခြင်းတို့ကြောင့် သတ်ရန် နီးနီးနားနား မလုပ်ဖြစ်လုနီးပါး ဖြစ်ခဲ့ကြသည်။ သူတို့သည် အခက်အခဲများ ဖန်တီးလေလေ၊ အလ္လာဟ်အရှင်မြတ်ကလည်း သူတို့အပေါ် တင်းကျပ်လေလေ ဖြစ်ခဲ့ရသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ဆန့်ကျင်ဘက်ပြုခြင်း၊ အငြင်းအခုံများပြုလုပ်ခြင်းသည် မိမိကိုယ်တိုင် ဒုက္ခရောက်စေသည့် အကြောင်းရင်း ဖြစ်သည်။ အစ္စရာအီလ်လူမျိုးတို့သည် အမိန့်တော်ကို ချက်ချင်း မလိုက်န


📜 အာယာသ် 69-73 — စူရာ အလ်-ဗကရ

69قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا لَوْنُهَا ۚ قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ صَفْرَاءُ فَاقِعٌ لَّوْنُهَا تَسُرُّ النَّاظِرِينَ
(တဖန်) ယင်းအမျိုးသားများက (အို-နဗီ တမန်တော်မူစာ) ကျွန်တော်မျိုးများ သိနားလည်ရန်အဖို့ အသင့်အားမွေးမြူတော်မူသော အရှင်၏အထံ တော်၌ ထိုနွားမ၏ အသွေးအရောင် အဘယ်ကဲ့သို့ဖြစ်သည်ကို ကျွန်တော်မျိုးတို့အား ရှင်းလင်းဖော်ပြ ပေးသနားတော်မူရန် ဆုတောင်းပတ္ထနာ ပြုပေးပါဦး ဟု တောင်းပန် လျှောက်ထားကြသည်။ ထိုအခါ နဗီ တမန်တော်မူစာ (အလိုင်ဟစ္စလာမ်) က ပြန်လည်ဖြေ ကြားတော်မူသည်မှာ (အို-အချင်းတို့) ဧကန်စင်စစ် ယင်းနွားမသည် အဝါရင့်ရောင် တောက်ပြောင် လျက်ရှိပြီးကြည့်ရှုသူများအား စက္ခုပသာဒဖြစ်စေ၍ (စိတ်ကို) ကြည်လင်ရွှင်လန်းစေနိုင်သော နွားမပင်ဖြစ်စေရမည် ဟု အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။
70قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا هِيَ إِنَّ الْبَقَرَ تَشَابَهَ عَلَيْنَا وَإِنَّا إِن شَاءَ اللَّهُ لَمُهْتَدُونَ
ယင်းသူတို့က (ထပ်မံ၍) ပြောဆိုကြသည်မှာ(အို-နဗီတမန်တော်မူစာ) ကျွန်တော်မျိုးတို့၏ မျက်မြင်တွင်မူ နွားများသည် ရုပ်ဆင်းသဏ္ဌာန်အရာ၌ (တစ်ကောင်နှင့်တစ်ကောင်) ဆင်တူရိုးမှား ဖြစ်နေကြသဖြင့် ကျွန်တော်များ အဖို့ထိုနွားမသည် အဘယ်ကဲ့သို့သော (ကြန်အင်လက္ခဏာ) ရှိသည်ကို ရှင်းလင်း ဖော်ပြပေးသနားတော်မူပါရန် အသင့်ကို မွေးမြူတော်မူသော အရှင့်အထံတော်၌ ဆုတောင်း ပတ္တနာပြုပေးတော်မူပါဦး၊ အကယ်၍သာ အလ္လာဟ် အရှင်မြတ်၏အလိုတော်ရှိခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည်(ထိုနွားမကိုရှာဖွေရာ၌) နည်းမှန်လမ်းမှန်ကို ဧကန်မလွဲ တွေ့ရှိ သောသူများ ဖြစ်ကြပါအံ့။
71قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ لَّا ذَلُولٌ تُثِيرُ الْأَرْضَ وَلَا تَسْقِي الْحَرْثَ مُسَلَّمَةٌ لَّا شِيَةَ فِيهَا ۚ قَالُوا الْآنَ جِئْتَ بِالْحَقِّ ۚ فَذَبَحُوهَا وَمَا كَادُوا يَفْعَلُونَ
ထိုအခါ နဗီတမန်တော်မူစာ(အလိုင်ဟစ္စလာမ်) က (ဟယ်-အချင်းတို့) အလ္လာဟ် အရှင်မြတ်က (ဤကဲ့သို့) မိန့်ကြားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ် ယင်းနွားမသည်လယ်မြေ၌ ပင်ပန်းစွာ စေစားခြင်း၊ ထွန်ယက်ဘူးခြင်းသော်လည်းကောင်း၊(ထွန်ယက် ပြီးသော) လယ်ယာမြေများထဲသို့ ရေသွင်းပေးဘူးခြင်း သော်လည်းကောင်း မရှိစေရ၊ ထို့ပြင်မှဲ့စွန်းခြင်း၊ ကွက်ကျားခြင်း (အစရှိသော ချို့တဲ့ခြင်းအပေါင်းတို့) မှလည်း ကင်းစင်သော နွားမ ဖြစ်ရမည်ဟုဖြေကြားလေသည်။ (ယင်းကဲ့သို့ အဖြေများကို ရရှိသော အခါ) ထိုသူတို့က (အို-နဗီတမန်တော် မူစာ) ယခုမှသာလျှင် အသင်သည်ဤကိစ္စကို (အကျွန်ုပ်တို့အား) မှန်ကန်စွာ ရှင်းလင်းဖော်ပြညွှန်ကြား ပြသလေပြီ (ဟု ဝန်ခံကြပြီးနောက် ထိုကဲ့သို့သောနွားမတစ်ကောင်ကို လိုက်လံရှာဖွေ၍ အရှင်မြတ်၏ နာမံတော်ဖြင့်) သတ်ဖြတ်ကြကုန်၏။ သို့သော် စင်စစ် ထိုသူတို့သည်(ထိုအမိန့်တော်ကို) လိုက်နာပြုလုပ်ချင်ဟန် မရှိခဲ့ကြချေ။
72وَإِذْ قَتَلْتُمْ نَفْسًا فَادَّارَأْتُمْ فِيهَا ۖ وَاللَّهُ مُخْرِجٌ مَّا كُنتُمْ تَكْتُمُونَ
၎င်းပြင် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်၍ အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ အသင်တို့သည် လူတဦးကို သတ်ဖြတ်ကြပြီးနောက် ယင်းလူသတ်မှုနှင့် စပ်လျဉ်း၍ အသင်တို့ အချင်းချင်း တစ်ဦးကိုတစ်ဦး စွပ်စွဲခဲ့ကြကုန်သည်။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် သင်တို့ (အနက်မှ ကာယကံရှင်များက) ထိမ်ချန် လျှို့ဝှက်ထားသော ကိစ္စကို ဖွင့်ထုတ်ဖော်ပြ ရှင်းလင်းတော်မူမည့်အရှင် ဖြစ်တော်မူသည်။
73فَقُلْنَا اضْرِبُوهُ بِبَعْضِهَا ۚ كَذَٰلِكَ يُحْيِي اللَّهُ الْمَوْتَىٰ وَيُرِيكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ
ထို့နောက် ငါအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော် မူခဲ့လေသည်၊ အသင်တို့သည်ယင်း (အသတ်ခံရသောသူ၏ ရုပ်ကလာပ်) ကိုထို (နွားမ) ၏ အချို့အစိတ်အပိုင်းဖြင့် ရိုက်ခတ်ကြကုန်လော့။ အလ္လာဟ် အရှင်မြတ်သည် (ကိယာမတ် ရှင်ပြန်ထရမည့်နေ့၌လည်း) ထိုကဲ့သို့ပင် သေသူများအား ရှင်စေတော်မူလတ္တံ။ ထို့ပြင် ထိုအရှင်မြတ်သည် အသင်တို့ နားလည်ကြရန်အလို့ငှါ မိမိ၏သက်သေခံလက္ခဏာ ရပ်များ ကို ပြသတော် မူလေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
71အာယာသ်

ဘာသာပြန် — အလ်-ဗကရ 71

စူရာ အလ်-ဗကရ အာယာသ် 71 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ နဗီတမန်တော်မူစာ(အလိုင်ဟစ္စလာမ်) က (ဟယ်-အချင်းတို့) အလ္လာဟ် အရှင်မြတ်က (ဤကဲ့သို့) မိန့်ကြားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်…

စူရာ အာယာသ် 71/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 69–73. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, November 9, 2026

Don't forget us in your sincere prayers