အလ်-ဗကရ · 72/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَإِذْ قَتَلْتُمْ نَفْسًا فَادَّارَأْتُمْ فِيهَا ۖ وَاللَّهُ مُخْرِجٌ مَّا كُنتُمْ تَكْتُمُونَ ۝٧٢
Wa iz qataltum nafsan faddaara`tum feehaa wallaahu mukrijum maa kuntum taktumoon
📖 မြန်မာဘာသာ
၎င်းပြင် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်၍ အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ အသင်တို့သည် လူတဦးကို သတ်ဖြတ်ကြပြီးနောက် ယင်းလူသတ်မှုနှင့် စပ်လျဉ်း၍ အသင်တို့ အချင်းချင်း တစ်ဦးကိုတစ်ဦး စွပ်စွဲခဲ့ကြကုန်သည်။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် သင်တို့ (အနက်မှ ကာယကံရှင်များက) ထိမ်ချန် လျှို့ဝှက်ထားသော ကိစ္စကို ဖွင့်ထုတ်ဖော်ပြ ရှင်းလင်းတော်မူမည့်အရှင် ဖြစ်တော်မူသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 70-74 — စူရာ အလ်-ဗကရ

70قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا هِيَ إِنَّ الْبَقَرَ تَشَابَهَ عَلَيْنَا وَإِنَّا إِن شَاءَ اللَّهُ لَمُهْتَدُونَ
ယင်းသူတို့က (ထပ်မံ၍) ပြောဆိုကြသည်မှာ(အို-နဗီတမန်တော်မူစာ) ကျွန်တော်မျိုးတို့၏ မျက်မြင်တွင်မူ နွားများသည် ရုပ်ဆင်းသဏ္ဌာန်အရာ၌ (တစ်ကောင်နှင့်တစ်ကောင်) ဆင်တူရိုးမှား ဖြစ်နေကြသဖြင့် ကျွန်တော်များ အဖို့ထိုနွားမသည် အဘယ်ကဲ့သို့သော (ကြန်အင်လက္ခဏာ) ရှိသည်ကို ရှင်းလင်း ဖော်ပြပေးသနားတော်မူပါရန် အသင့်ကို မွေးမြူတော်မူသော အရှင့်အထံတော်၌ ဆုတောင်း ပတ္တနာပြုပေးတော်မူပါဦး၊ အကယ်၍သာ အလ္လာဟ် အရှင်မြတ်၏အလိုတော်ရှိခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည်(ထိုနွားမကိုရှာဖွေရာ၌) နည်းမှန်လမ်းမှန်ကို ဧကန်မလွဲ တွေ့ရှိ သောသူများ ဖြစ်ကြပါအံ့။
71قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ لَّا ذَلُولٌ تُثِيرُ الْأَرْضَ وَلَا تَسْقِي الْحَرْثَ مُسَلَّمَةٌ لَّا شِيَةَ فِيهَا ۚ قَالُوا الْآنَ جِئْتَ بِالْحَقِّ ۚ فَذَبَحُوهَا وَمَا كَادُوا يَفْعَلُونَ
ထိုအခါ နဗီတမန်တော်မူစာ(အလိုင်ဟစ္စလာမ်) က (ဟယ်-အချင်းတို့) အလ္လာဟ် အရှင်မြတ်က (ဤကဲ့သို့) မိန့်ကြားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ် ယင်းနွားမသည်လယ်မြေ၌ ပင်ပန်းစွာ စေစားခြင်း၊ ထွန်ယက်ဘူးခြင်းသော်လည်းကောင်း၊(ထွန်ယက် ပြီးသော) လယ်ယာမြေများထဲသို့ ရေသွင်းပေးဘူးခြင်း သော်လည်းကောင်း မရှိစေရ၊ ထို့ပြင်မှဲ့စွန်းခြင်း၊ ကွက်ကျားခြင်း (အစရှိသော ချို့တဲ့ခြင်းအပေါင်းတို့) မှလည်း ကင်းစင်သော နွားမ ဖြစ်ရမည်ဟုဖြေကြားလေသည်။ (ယင်းကဲ့သို့ အဖြေများကို ရရှိသော အခါ) ထိုသူတို့က (အို-နဗီတမန်တော် မူစာ) ယခုမှသာလျှင် အသင်သည်ဤကိစ္စကို (အကျွန်ုပ်တို့အား) မှန်ကန်စွာ ရှင်းလင်းဖော်ပြညွှန်ကြား ပြသလေပြီ (ဟု ဝန်ခံကြပြီးနောက် ထိုကဲ့သို့သောနွားမတစ်ကောင်ကို လိုက်လံရှာဖွေ၍ အရှင်မြတ်၏ နာမံတော်ဖြင့်) သတ်ဖြတ်ကြကုန်၏။ သို့သော် စင်စစ် ထိုသူတို့သည်(ထိုအမိန့်တော်ကို) လိုက်နာပြုလုပ်ချင်ဟန် မရှိခဲ့ကြချေ။
72وَإِذْ قَتَلْتُمْ نَفْسًا فَادَّارَأْتُمْ فِيهَا ۖ وَاللَّهُ مُخْرِجٌ مَّا كُنتُمْ تَكْتُمُونَ
၎င်းပြင် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်၍ အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ အသင်တို့သည် လူတဦးကို သတ်ဖြတ်ကြပြီးနောက် ယင်းလူသတ်မှုနှင့် စပ်လျဉ်း၍ အသင်တို့ အချင်းချင်း တစ်ဦးကိုတစ်ဦး စွပ်စွဲခဲ့ကြကုန်သည်။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် သင်တို့ (အနက်မှ ကာယကံရှင်များက) ထိမ်ချန် လျှို့ဝှက်ထားသော ကိစ္စကို ဖွင့်ထုတ်ဖော်ပြ ရှင်းလင်းတော်မူမည့်အရှင် ဖြစ်တော်မူသည်။
73فَقُلْنَا اضْرِبُوهُ بِبَعْضِهَا ۚ كَذَٰلِكَ يُحْيِي اللَّهُ الْمَوْتَىٰ وَيُرِيكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ
ထို့နောက် ငါအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော် မူခဲ့လေသည်၊ အသင်တို့သည်ယင်း (အသတ်ခံရသောသူ၏ ရုပ်ကလာပ်) ကိုထို (နွားမ) ၏ အချို့အစိတ်အပိုင်းဖြင့် ရိုက်ခတ်ကြကုန်လော့။ အလ္လာဟ် အရှင်မြတ်သည် (ကိယာမတ် ရှင်ပြန်ထရမည့်နေ့၌လည်း) ထိုကဲ့သို့ပင် သေသူများအား ရှင်စေတော်မူလတ္တံ။ ထို့ပြင် ထိုအရှင်မြတ်သည် အသင်တို့ နားလည်ကြရန်အလို့ငှါ မိမိ၏သက်သေခံလက္ခဏာ ရပ်များ ကို ပြသတော် မူလေသတည်း။
74ثُمَّ قَسَتْ قُلُوبُكُم مِّن بَعْدِ ذَٰلِكَ فَهِيَ كَالْحِجَارَةِ أَوْ أَشَدُّ قَسْوَةً ۚ وَإِنَّ مِنَ الْحِجَارَةِ لَمَا يَتَفَجَّرُ مِنْهُ الْأَنْهَارُ ۚ وَإِنَّ مِنْهَا لَمَا يَشَّقَّقُ فَيَخْرُجُ مِنْهُ الْمَاءُ ۚ وَإِنَّ مِنْهَا لَمَا يَهْبِطُ مِنْ خَشْيَةِ اللَّهِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
တဖန် အသင်တို့၏ စိတ်နှလုံးများသည် ထို(ကဲ့သို့ အလ္လာဟ် အရှင်မြတ်၏ တန်ခိုးပြဋိဟာ အမျိုးမျိုးတို့ကိုပင် တွေ့မြင်ခဲ့ပြီး) နောက်လည်း ခက်ထန်မာကျော လာခဲ့လေသည်၊ သို့ဖြစ်ပေရာ ယင်းစိတ်နှလုံးများသည် ကျောက်ဆောင်များကဲ့သို့ ဖြစ်ခဲ့ရုံမျှမက ယင်းကျောက်ဆောင်များထက်ပင် ပိုမိုပြင်းထန် မာကျောလေသည်။ အကြောင်းသော်ကား ကျောက်ဆောင်များအနက် စမ်းရေချောင်းများ စီးထွက်လာသော ကျောက်ဆောင်များလည်း မချွတ်မလွဲ ရှိကြသေး၏။ ထိုမျှ မကသေးချေ၊ ယင်းကျောက်ဆောင်များအနက် အက်ကွဲ၍ရေ(တံခွန်များ စီးသွန်း) ပန်းထွက် လာသော ကျောက်ဆောင်များလည်း ဧကန်စင်စစ် ရှိကြသေး၏။ ထိုမှတပါးတုံ ယင်းကျောက် ဆောင်များအနက် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေလေးစား ခြင်းအားဖြင့် လျှောလိမ့်နိမ့်ဆင်းလာသော ကျောက်ဆောင်များလည်း အမှန်ပင် ရှိကြကုန်သည်။ တဖန်အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စအဝဝတို့ကို (အလျင်း) မေ့လျော့ လျစ်လျူရှု၍ နေတော်မူသော အရှင်မဟုတ်ပေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
72အာယာသ်

ဘာသာပြန် — အလ်-ဗကရ 72

စူရာ အလ်-ဗကရ အာယာသ် 72 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်၍ အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ အသင်တို့သည်…

စူရာ အာယာသ် 72/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 70–74. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers