အာလ်-အိမရာန် · 62/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِنَّ هَٰذَا لَهُوَ الْقَصَصُ الْحَقُّ ۚ وَمَا مِنْ إِلَٰهٍ إِلَّا اللَّهُ ۚ وَإِنَّ اللَّهَ لَهُوَ الْعَزِيزُ الْحَكِيمُ ۝٦٢
Innaa haazaa lahuwal qasasul haqq; wa maa min ilaahin illal laah; wa innal laahaa la Huwal `Azeezul Hakeem
📖 မြန်မာဘာသာ
မုချဧကန် ဤ (အဆိုပါ) အတ္ထုပ္ပတ္တိအကြောင်းအကြောင်းအရာများသည်သာလျှင် စင်စစ်အားဖြင့် မှန်ကန်သော အတ္ထုပ္ပတ္တိ အကြောင်းအရာများတည်း။ အမှန်စင်စစ်(တစ်ဆူတည်းသော)အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျင်းမရှိပြီ။ ၎င်းပြင် မုချဧကန်ထို အလ္လာဟ်အရှင်မြတ်သည်သာလျှင် စင်စစ်အား ဖြင့် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ အကျုးိ အကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ။
  • الْقَصَصُ (အလ်-ကိုဆွတ်ဆွ်) — အဖြစ်အပျက်၊ သတင်း၊ ဇာတ်လမ်း။
  • الْحَقُّ (အလ်-ဟက်က်) — အမှန်တရား၊ သံသယကင်းသော အမှန်တရား။
  • الْعَزِيزُ (အလ်-အဇီးဇ်) — အနိုင်ရရှိသူ၊ ဘယ်သူမျှ မယှဉ်နိုင်သော တန်ခိုးတော်ရှင်။
  • الْحَكِيمُ (အလ်-ဟကီးမ်) — ဉာဏ်ပညာတော်နှင့် ပြည့်စုံတော်မူသောအရှင်။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

ဧကန်စင်စစ်၊ ဤဖော်ပြခဲ့သော အီစာ (အလိုင်ဟိစ်စလာမ်) ၏ အကြောင်းအရာသည် လုံးဝမှန်ကန်သော သတင်းအချက်အလက်ဖြစ်သည်။ မည်သည့် သံသယ သို့မဟုတ် မှားယွင်းမှုမျှ မရှိပါ။ ၎င်းသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ပေးအပ်ခံရသော အမှန်တရားဖြစ်သည်။

ထို့အပြင် အလ္လာဟ်အရှင်မြတ်မှတစ်ပါး ကိုးကွယ်ထိုက်သော အရှင်သခင်ဟူ၍ မရှိပါ။ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာလျှင် ကိုးကွယ်ထိုက်သော အရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် မိမိ၏ အုပ်စိုးမှုတော်တွင် အနိုင်ရရှိတော်မူသောအရှင်၊ မိမိ၏ စီမံခန့်ခွဲမှုတော်၊ အမိန့်တော်နှင့် ဖန်ဆင်းမှုတော်တွင် ဉာဏ်ပညာတော်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ မည်သူမျှ ထိုအရှင်မြတ်နှင့် တန်ခိုးအာဏာ၊ ဉာဏ်ပညာတွင် တူညီနိုင်မည် မဟုတ်ပါ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သာသနာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ။
  • ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြထားသော တမန်တော်များ၏ အဖြစ်အပျက်များသည် လုံးဝမှန်ကန်ပြီး ယုံကြည်စိတ်ချထိုက်သော သတင်းများဖြစ်သည်။ ဤအချက်က ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်ကြောင်း ခိုင်မာသော အထောက်အထားတစ်ရပ် ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာလျှင် ကိုးကွယ်ထိုက်သော အရှင်ဖြစ်ကြောင်း ရှင်းလင်းစွာ သွန်သင်ပေးသည်။ ဤအချက်သည် အစ္စလာမ်သာသနာ၏ အခြေခံအုတ်မြစ်ဖြစ်သော တော်ဟီးဒ် (အလ္လာဟ်တစ်ပါးတည်းကိုးကွယ်ခြင်း) ကို ခိုင်မာစေသည်။
  • အလ္လာဟ်အရှင်မြတ်သည် အနိုင်ရရှိတော်မူသောအရှင်၊ ဉာဏ်ပညာတော်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်ကြောင်း သိရှိခြင်းဖြင့် မွတ်စ်လင်မ်များသည် မိမိတို့၏ အခက်အခဲများတွင်


📜 အာယာသ် 60-64 — စူရာ အာလ်-အိမရာန်

60الْحَقُّ مِن رَّبِّكَ فَلَا تَكُن مِّنَ الْمُمْتَرِينَ
(အို-နဗီတမန်တော် ဤအဆိုပါ နဗီတမန်တော်အီစာ၏) အတ္ထုပ္ပတ္တိ အကြောင်းအရာများသည် အသင့်အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ (ထုတ်ပြန်မိန့်ကြားတော် မူသော) အတ္ထုပ္ပတ္တိ အကြောင်းအရာများပင်ဖြစ်ပေရာ အသင်သည် ဒွိဟသံသယရှိသူတို့အနက် အပါအဝင် မဖြစ်လေနှင့်။
61فَمَنْ حَاجَّكَ فِيهِ مِن بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ فَقُلْ تَعَالَوْا نَدْعُ أَبْنَاءَنَا وَأَبْنَاءَكُمْ وَنِسَاءَنَا وَنِسَاءَكُمْ وَأَنفُسَنَا وَأَنفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَل لَّعْنَتَ اللَّهِ عَلَى الْكَاذِبِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင့် ထံ၌(ငါအရှင်မြတ်အထံတော်မှ မှန်ကန်သော) အသိတရား ရောက်ရှိလာပြီးသည့် နောက်သော်မှပင်၊ အကြင်သူ တစ်ဦးတစ်ယောက်သည် ယင်း (နဗီ တမန်တော်အီစာ)နှင့်ပတ်သက်၍အသင့်အား အချေအတင်ပြောဆိုခဲ့ပါမူ၊ အသင်သည်(ယင်းသူတို့ အား)(ဟယ်-အချင်းတို့) လာကြကုန်လော့။(အသင်တို့နှင့်) အကျွန်ုပ်တို့သည် (ပူးပေါင်း ကာ) အကျွန်ုပ်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အသင်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အကျွန်ုပ် တို့၏မိန်းမများကိုလည်းကောင်း၊အသင်တို့၏ မိန်းမများကိုလည်းကောင်း၊ ခေါ်ယူ (စုရုံးစေ)ပြီးအကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်တို့ကိုယ်တိုင်လည်း (ပါဝင်ကြကုန်အံ့)။ ထို့နောက် အကျွန်ုပ်တို့(နှင့် အသင်တို့)သည် (ပူးပေါင်းကာ အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤအချေအတင်ပြောဆိုရာတွင်) မုသားပြောဆိုသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ၏ လအ်နတ် (အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခြင်းသည်) ကျရောက်ပါစေသား ဟူ၍ စိတ်ရောကိုယ်ပါ တောင်းပန် အသနားခံကြကုန်အံ့ ဟု ပြောဆိုပါလေ။
62إِنَّ هَٰذَا لَهُوَ الْقَصَصُ الْحَقُّ ۚ وَمَا مِنْ إِلَٰهٍ إِلَّا اللَّهُ ۚ وَإِنَّ اللَّهَ لَهُوَ الْعَزِيزُ الْحَكِيمُ
မုချဧကန် ဤ (အဆိုပါ) အတ္ထုပ္ပတ္တိအကြောင်းအကြောင်းအရာများသည်သာလျှင် စင်စစ်အားဖြင့် မှန်ကန်သော အတ္ထုပ္ပတ္တိ အကြောင်းအရာများတည်း။ အမှန်စင်စစ်(တစ်ဆူတည်းသော)အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျင်းမရှိပြီ။ ၎င်းပြင် မုချဧကန်ထို အလ္လာဟ်အရှင်မြတ်သည်သာလျှင် စင်စစ်အား ဖြင့် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ အကျုးိ အကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
63فَإِن تَوَلَّوْا فَإِنَّ اللَّهَ عَلِيمٌ بِالْمُفْسِدِينَ
သို့ဖြစ်လေရာ (ဤရွေ့ဤမျှ ဖွင့်ဟမိန့်ဆို ထားတော်မူပြီးသည့်နောက်သော်မှပင်) အကယ်၍သာ ယင်း(ခရစ်ယာန်)တို့သည် မျက်နှာလွှဲ၍ ကျောခိုင်း သွားကြပါမူ၊ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူအပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်�ည်း။
64قُلْ يَا أَهْلَ الْكِتَابِ تَعَالَوْا إِلَىٰ كَلِمَةٍ سَوَاءٍ بَيْنَنَا وَبَيْنَكُمْ أَلَّا نَعْبُدَ إِلَّا اللَّهَ وَلَا نُشْرِكَ بِهِ شَيْئًا وَلَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًا مِّن دُونِ اللَّهِ ۚ فَإِن تَوَلَّوْا فَقُولُوا اشْهَدُوا بِأَنَّا مُسْلِمُونَ
(အို-နဗီ) အသင်သည် (ယဟူဒီနှင့် ခရစ် ယာန်တို့အား) ပြောကြားပါလေ၊ အို-ကျမ်းဂန် ရရှိသူအပေါင်းတို့၊အသင်တို့သည် အကျွန်ုပ်တို့နှင့် အသင်တို့ကြား၌ (အားလုံးလက်ခံထားသည့်) တူညီသော စကားဘက်သို့လာကြကုန်၊(ထိုစကားသည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ မခဝပ်မကိုးကွယ်ခြင်း၊ငါတို့သည် တစ်စုံတစ်ခုသော အရာကိုမျှ ထိုအရှင်မြတ်နှင့်တွဲဖက်ယှဉ်ဖက်ဟူ၍ မပြုခြင်း၊ ငါတို့အနက် အချို့သည်အလ္လာဟ်အရှင်မြတ်ကို ဖဲကြဉ်၍ အချို့သောသူများကို မွေးမြူတော်မူသော အရှင်များဟူ၍ မပြုလုပ်ခြင်း (ပင်တည်း)။ (ယင်းကဲ့သို့ ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်) အကယ်၍ ထိုသူတို့သည် သွေဖည်ကျောခိုင်းသွားကြပါမူ (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့က (ထိုသူတို့အား၊ အချင်းတို့) ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို မုချနာခံသောမုစ်လင်မ်များပင်ဖြစ်ကြောင်း အသင်တို့ ကိုယ်တိုင် သက်သေခံကြကုန်ဟု ပြောဆိုကြကုန်လော့။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
62အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 62

စူရာ အာလ်-အိမရာန် အာယာသ် 62 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မုချဧကန် ဤ (အဆိုပါ) အတ္ထုပ္ပတ္တိအကြောင်းအကြောင်းအရာများသည်သာလျှင် စင်စစ်အားဖြင့် မှန်ကန်သော အတ္ထုပ္ပတ္တိ အကြောင်းအရာများတည်း။ အမှန်စင်စစ်(တစ်ဆူတည်းသော)အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ…

စူရာ အာယာသ် 62/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 60–64. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers