အာလ်-အိမရာန် · 63/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
فَإِن تَوَلَّوْا فَإِنَّ اللَّهَ عَلِيمٌ بِالْمُفْسِدِينَ ۝٦٣
Fa in tawallaw fa innal laaha`aleemun bil mufsideen
📖 မြန်မာဘာသာ
သို့ဖြစ်လေရာ (ဤရွေ့ဤမျှ ဖွင့်ဟမိန့်ဆို ထားတော်မူပြီးသည့်နောက်သော်မှပင်) အကယ်၍သာ ယင်း(ခရစ်ယာန်)တို့သည် မျက်နှာလွှဲ၍ ကျောခိုင်း သွားကြပါမူ၊ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူအပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်�ည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 61-65 — စူရာ အာလ်-အိမရာန်

61فَمَنْ حَاجَّكَ فِيهِ مِن بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ فَقُلْ تَعَالَوْا نَدْعُ أَبْنَاءَنَا وَأَبْنَاءَكُمْ وَنِسَاءَنَا وَنِسَاءَكُمْ وَأَنفُسَنَا وَأَنفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَل لَّعْنَتَ اللَّهِ عَلَى الْكَاذِبِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင့် ထံ၌(ငါအရှင်မြတ်အထံတော်မှ မှန်ကန်သော) အသိတရား ရောက်ရှိလာပြီးသည့် နောက်သော်မှပင်၊ အကြင်သူ တစ်ဦးတစ်ယောက်သည် ယင်း (နဗီ တမန်တော်အီစာ)နှင့်ပတ်သက်၍အသင့်အား အချေအတင်ပြောဆိုခဲ့ပါမူ၊ အသင်သည်(ယင်းသူတို့ အား)(ဟယ်-အချင်းတို့) လာကြကုန်လော့။(အသင်တို့နှင့်) အကျွန်ုပ်တို့သည် (ပူးပေါင်း ကာ) အကျွန်ုပ်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အသင်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အကျွန်ုပ် တို့၏မိန်းမများကိုလည်းကောင်း၊အသင်တို့၏ မိန်းမများကိုလည်းကောင်း၊ ခေါ်ယူ (စုရုံးစေ)ပြီးအကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်တို့ကိုယ်တိုင်လည်း (ပါဝင်ကြကုန်အံ့)။ ထို့နောက် အကျွန်ုပ်တို့(နှင့် အသင်တို့)သည် (ပူးပေါင်းကာ အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤအချေအတင်ပြောဆိုရာတွင်) မုသားပြောဆိုသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ၏ လအ်နတ် (အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခြင်းသည်) ကျရောက်ပါစေသား ဟူ၍ စိတ်ရောကိုယ်ပါ တောင်းပန် အသနားခံကြကုန်အံ့ ဟု ပြောဆိုပါလေ။
62إِنَّ هَٰذَا لَهُوَ الْقَصَصُ الْحَقُّ ۚ وَمَا مِنْ إِلَٰهٍ إِلَّا اللَّهُ ۚ وَإِنَّ اللَّهَ لَهُوَ الْعَزِيزُ الْحَكِيمُ
မုချဧကန် ဤ (အဆိုပါ) အတ္ထုပ္ပတ္တိအကြောင်းအကြောင်းအရာများသည်သာလျှင် စင်စစ်အားဖြင့် မှန်ကန်သော အတ္ထုပ္ပတ္တိ အကြောင်းအရာများတည်း။ အမှန်စင်စစ်(တစ်ဆူတည်းသော)အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျင်းမရှိပြီ။ ၎င်းပြင် မုချဧကန်ထို အလ္လာဟ်အရှင်မြတ်သည်သာလျှင် စင်စစ်အား ဖြင့် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ အကျုးိ အကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
63فَإِن تَوَلَّوْا فَإِنَّ اللَّهَ عَلِيمٌ بِالْمُفْسِدِينَ
သို့ဖြစ်လေရာ (ဤရွေ့ဤမျှ ဖွင့်ဟမိန့်ဆို ထားတော်မူပြီးသည့်နောက်သော်မှပင်) အကယ်၍သာ ယင်း(ခရစ်ယာန်)တို့သည် မျက်နှာလွှဲ၍ ကျောခိုင်း သွားကြပါမူ၊ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူအပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်�ည်း။
64قُلْ يَا أَهْلَ الْكِتَابِ تَعَالَوْا إِلَىٰ كَلِمَةٍ سَوَاءٍ بَيْنَنَا وَبَيْنَكُمْ أَلَّا نَعْبُدَ إِلَّا اللَّهَ وَلَا نُشْرِكَ بِهِ شَيْئًا وَلَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًا مِّن دُونِ اللَّهِ ۚ فَإِن تَوَلَّوْا فَقُولُوا اشْهَدُوا بِأَنَّا مُسْلِمُونَ
(အို-နဗီ) အသင်သည် (ယဟူဒီနှင့် ခရစ် ယာန်တို့အား) ပြောကြားပါလေ၊ အို-ကျမ်းဂန် ရရှိသူအပေါင်းတို့၊အသင်တို့သည် အကျွန်ုပ်တို့နှင့် အသင်တို့ကြား၌ (အားလုံးလက်ခံထားသည့်) တူညီသော စကားဘက်သို့လာကြကုန်၊(ထိုစကားသည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ မခဝပ်မကိုးကွယ်ခြင်း၊ငါတို့သည် တစ်စုံတစ်ခုသော အရာကိုမျှ ထိုအရှင်မြတ်နှင့်တွဲဖက်ယှဉ်ဖက်ဟူ၍ မပြုခြင်း၊ ငါတို့အနက် အချို့သည်အလ္လာဟ်အရှင်မြတ်ကို ဖဲကြဉ်၍ အချို့သောသူများကို မွေးမြူတော်မူသော အရှင်များဟူ၍ မပြုလုပ်ခြင်း (ပင်တည်း)။ (ယင်းကဲ့သို့ ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်) အကယ်၍ ထိုသူတို့သည် သွေဖည်ကျောခိုင်းသွားကြပါမူ (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့က (ထိုသူတို့အား၊ အချင်းတို့) ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို မုချနာခံသောမုစ်လင်မ်များပင်ဖြစ်ကြောင်း အသင်တို့ ကိုယ်တိုင် သက်သေခံကြကုန်ဟု ပြောဆိုကြကုန်လော့။
65يَا أَهْلَ الْكِتَابِ لِمَ تُحَاجُّونَ فِي إِبْرَاهِيمَ وَمَا أُنزِلَتِ التَّوْرَاةُ وَالْإِنجِيلُ إِلَّا مِن بَعْدِهِ ۚ أَفَلَا تَعْقِلُونَ
အို-ရှေးအထက် ကျမ်းဂန်များကို ရရှိသူအပေါင်းတို့၊ အသင်တို့သည် တမန်တော် အစ်ဗ်ရာဟီမ် နှင့်ပတ်သက်၍ (ထိုတမန်တော်သည်ယဟူဒီဖြစ်သည်ဟူ၍လည်းကောင်း၊ ခရစ်ယာန်ဖြစ်သည်ဟူ၍လည်းကောင်း) အဘယ်ကြောင့် အချေအတင် ပြောဆိုငြင်းခုံကြသနည်း။ အမှန်စင်စစ်တောင်ရာတ် နှင့် အီန်ဂျီလ် ကျမ်းများသည် ထိုတမန်တော်အစ်ဗ်ရာဟီမ်၏နောက် (အတန်ကြာမှပင်) ကျရောက်လာသောကျမ်းဂန်များဖြစ်၏။ (ယဟူဒီနှင့်ခရစ်ယာန်ဘာသာ အယူဝါဒများသည် ထိုကျမ်းဂန်များကျရောက်ပြီးနောက်တွင်မှဖြစ်ပေါ်လာသောဘာသာ အယူဝါဒများသာ ဖြစ်ပေရာ တမန်တော် အစ်ဗ်ရာဟီမ်သည် အဘယ်သို့လျှင် ယဟူဒီ၊ သို့မဟုတ်ခရစ်ယာန်ဘာသာဝင် ဖြစ်နိုင်အံ့နည်း၊ ဤမျှ ထင်ရှားသောစကားကိုပင်) အသင်တို့ မသိမမြင် မဆင်ခြင်ကြပါသလော။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
63အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 63

စူရာ အာလ်-အိမရာန် အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်လေရာ (ဤရွေ့ဤမျှ ဖွင့်ဟမိန့်ဆို ထားတော်မူပြီးသည့်နောက်သော်မှပင်) အကယ်၍သာ ယင်း(ခရစ်ယာန်)တို့သည် မျက်နှာလွှဲ၍ ကျောခိုင်း သွားကြပါမူ၊ မုချဧကန်အလ္လာဟ်အရှင်မြတ်သည်…

စူရာ အာယာသ် 63/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers