အန်-နီဆာ · 121/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
أُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ وَلَا يَجِدُونَ عَنْهَا مَحِيصًا ۝١٢١
Ulaaa`ika maawaahum Jahannamu wa laa yajidoona `anhaa maheesaa
📖 မြန်မာဘာသာ
ထိုသူများကား၊ ဤသူများပင်တည်း၊ ယင်းသူတို့၏ခိုလှုံရာဌာနကား ‘ဂျဟန္နမ်’ ငရဲဘုံဖြစ်၏။ ၎င်းပြင် ယင်းသူတို့သည် ထိုငရဲဘုံမှ ထွက်ပြေးလွတ်မြောက်ရာ တစ်စုံတစ်ရာဌာနကိုလည်း ရရှိကြမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 119-123 — စူရာ အန်-နီဆာ

119وَلَأُضِلَّنَّهُمْ وَلَأُمَنِّيَنَّهُمْ وَلَآمُرَنَّهُمْ فَلَيُبَتِّكُنَّ آذَانَ الْأَنْعَامِ وَلَآمُرَنَّهُمْ فَلَيُغَيِّرُنَّ خَلْقَ اللَّهِ ۚ وَمَن يَتَّخِذِ الشَّيْطَانَ وَلِيًّا مِّن دُونِ اللَّهِ فَقَدْ خَسِرَ خُسْرَانًا مُّبِينًا
ကျွန်တော်မျိုးသည် ယင်းသူတို့အား လမ်းမှားသို့လည်း မုချရောက်စေပါမည်။ ၎င်းပြင် ထိုသူတို့အား လိုချင်တပ်မက်ခြင်းကိုလည်း အမှန်ပင်ဖြစ်စေပါမည်။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ယင်းသူတို့အား ဧကန်စင်စစ် အမိန့်ပေးပါမည်။ သို့ဖြစ်လျှင် ထိုသူတို့သည် ခြေလေးချောင်းသတ္တဝါတို့၏ နားရွက်များကို ဖြတ်တောက်ကြလတ္တံ့။ ထိုနည်းတူစွာ ကျွန်တော်မျိုးသည် ၎င်းတို့အား အမိန့်ပေးပါမည်။ သို့အမိန့်ပေးလျှင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားတော်မူသော (နဂိုမူလ) ရုပ်လက္ခဏာကို ပြောင်းလဲကြလတ္တံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အစား ရှိုင်တွာန်ကို အဆွေခင်ပွန်းပြုလုပ်အံ့။ ထိုသူသည် မလွဲဧကန် အလွန်ထင်ရှားလှစွာ နစ်နာဆုံးရှုံးလတ္တံ့။
120يَعِدُهُمْ وَيُمَنِّيهِمْ ۖ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا
ထို ‘ရှိုင်တွာန်’သည် ထိုသူတို့အား ကတိပေး၏။ တပ်မက်မောစေ၏။ သို့ရာတွင်ထို ‘ရှိုင်တွာန်’ သည်ထိုသူတို့အား လိမ်လည်ဖြားယောင်းခြင်းအားဖြင့်သာ ကတိပေးသည်။
121أُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ وَلَا يَجِدُونَ عَنْهَا مَحِيصًا
ထိုသူများကား၊ ဤသူများပင်တည်း၊ ယင်းသူတို့၏ခိုလှုံရာဌာနကား ‘ဂျဟန္နမ်’ ငရဲဘုံဖြစ်၏။ ၎င်းပြင် ယင်းသူတို့သည် ထိုငရဲဘုံမှ ထွက်ပြေးလွတ်မြောက်ရာ တစ်စုံတစ်ရာဌာနကိုလည်း ရရှိကြမည်မဟုတ်ပေ။
122وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ وَعْدَ اللَّهِ حَقًّا ۚ وَمَنْ أَصْدَقُ مِنَ اللَّهِ قِيلًا
သို့ရာတွင် အကြင်သူများသည်‘အီမာန်’ ယုံကြည်ခဲ့ကြ၏။ ၎င်းပြင် ကောင်းမြတ်သောကျင့်ဝတ်များကိုလည်း ကျင့်မူခဲ့ကြ၏။ ငါအရှင်မြတ်သည် မကြာမြင့်မီ ထိုသူတို့အား (အကြင်သို့သော) ဥယျာဉ်များသို့ ဝင်ရောက်နေထိုင်စေတော်မူအံ့။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြအံ့။ ထိုသူများသည် ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြအံ့။ အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သောကတိကိုပြုထားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထက်ပိုမို၍ စကားအရာ၌မှန်ကန်သောသူသည် မည်သူရှိအံ့နည်း။
123لَّيْسَ بِأَمَانِيِّكُمْ وَلَا أَمَانِيِّ أَهْلِ الْكِتَابِ ۗ مَن يَعْمَلْ سُوءًا يُجْزَ بِهِ وَلَا يَجِدْ لَهُ مِن دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
အသင်တို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (ရှေးအထက်) ကျမ်းဂန်ရရှိသောသူတို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (စင်စစ်အားဖြင့်) မည်သူမဆို မကောင်းမှုဒုစရိုက်ကိုကျင့်မူအံ့။ ထိုသူသည် ယင်းမကောင်းမှုအတွက် အပြစ်ပေးခြင်းကို ခံရလတ္တံ့။ ထို့ပြင်တဝ ယင်းသူသည် မိမိအဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
121အာယာသ်

ဘာသာပြန် — အန်-နီဆာ 121

စူရာ အန်-နီဆာ အာယာသ် 121 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသူများကား၊ ဤသူများပင်တည်း၊ ယင်းသူတို့၏ခိုလှုံရာဌာနကား ‘ဂျဟန္နမ်’ ငရဲဘုံဖြစ်၏။ ၎င်းပြင် ယင်းသူတို့သည် ထိုငရဲဘုံမှ ထွက်ပြေးလွတ်မြောက်ရာ တစ်စုံတစ်ရာဌာနကိုလည်း…

စူရာ အာယာသ် 121/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 119–123. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers