وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَحَاقَ بِالَّذِينَ سَخِرُوا مِنْهُم مَّا كَانُوا بِهِ يَسْتَهْزِئُونَ ١٠
🔤 Transliteration
Wa laqadis tuhzi`a bi-Rusulim min qablika fahaaqa billazeena sakhiroo minhum maa kaanoo bihee yastahzi`oon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်၏အထက် အဆက်ဆက်က ရစူလ်တမန်တော်များသည်လည်း ပြက်ချော်ပြောင်လှောင်ခြင်းကို ထင်ရှားဧကန်အမှန် ခံ၍သွားခဲ့ကြရသည်။ထို့နောက် ယင်းရစူလ်တမန်တော်တို့အား ပြက်ချော်ပြောင်လှောင်ကြလေသောသူတို့ကို ၎င်းတို့ပြက်ချော်ပြောင် လှောင်ခဲ့ကြသော အပြစ်ဒဏ်သည်ပင်လျှင်ဝန်းဝိုင်းခဲ့ လေသည်။
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါပဒ အနက်အဓိပ္ပာယ်များ အစ္စ္တဟ္ဇိအာ (اسْتُهْزِئَ ) — ပြောင်လှောင်ခြင်း၊ လှောင်ပြောင်ခြင်း၊ ရယ်မောပြက်ခြင်း။ဖဟာကာ (فَحَاقَ ) — ဝန်းရံလွှမ်းမိုးခြင်း၊ ကျရောက်လာခြင်း၊ ဖုံးလွှမ်းသွားခြင်း။ဆခိရူ (سَخِرُوا ) — ပြောင်လှောင်သူများ၊ လှောင်ပြောင်သူများ။ယစ္တဟ္ဇိအူန (يَسْتَهْزِئُونَ ) — သူတို့ပြောင်လှောင်နေကြသောအရာ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား နှစ်သိမ့်စေရန် ချပေးထားသော အာယသ်တော်ဖြစ်သည်။ အကြောင်းမှာ မက္ကာမြို့သား ကာဖိရ်များသည် တမန်တော်မုဟမ္မဒ် (ဆွ) အား “အကယ်၍ သင်သည် စစ်မှန်သော တမန်တော်ဖြစ်လျှင် ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးကို ကျွန်ုပ်တို့ထံ ဆင်းသက်စေလော့” စသည်ဖြင့် ပြောင်လှောင်လှောင်ပြောင်ကာ တောင်းဆိုခဲ့ကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်အား ဤသို့ မိန့်တော်မူခဲ့သည် —
“အို တမန်တော်၊ သင့်အပေါ် ပြောင်လှောင်ခြင်းသည် သင့်အတွက်သာ ဖြစ်ပေါ်လာသော ထူးခြားသည့် အဖြစ်အပျက် မဟုတ်ပေ။ သင့်အလျင် ကုန်လွန်ခဲ့သော ရစူလ်တမန်တော်များကိုလည်း သူတို့၏ လူမျိုးများက ထိုနည်းတူစွာ ပြောင်လှောင်လှောင်ပြောင်ခဲ့ကြပြီး ဖြစ်သည်။ ထိုသို့ ပြောင်လှောင်သူများကို သူတို့ပြောင်လှောင်နေခဲ့သော အပြစ်ဒဏ်သည် ဝန်းရံလွှမ်းမိုးကာ ကျရောက်ခဲ့လေသည်။”
ဆိုလိုသည်မှာ ရစူလ်တမန်တော်များကို ပြောင်လှောင်သူများသည် မိမိတို့ ပြောင်လှောင်နေခဲ့သော အပြစ်ဒဏ်ကို ငြင်းပယ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ထိုအပြစ်ဒဏ်သည် သူတို့အပေါ် ကျရောက်လာပြီး သူတို့ကို ဝန်းရံဖုံးလွှမ်းသွားခဲ့သည်။ ဤသည်မှာ ပြောင်လှောင်သူများ၏ အပြစ်ဒဏ်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းတော်မြတ်သည် လူသားအားလုံးအတွက် လမ်းညွှန်ချက် ဖြစ်သည်။ ရစူလ်တမန်တော်များကို ပြောင်လှောင်သူများသည် နောက်ဆုံးတွင် ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ အမှန်တရားကို ပြောင်လှောင်ခြင်းသည် မိမိကိုယ်ကို ထိခိုက်စေသော လုပ်ရပ်ဖြစ်သည်။ ပြောင်လှောင်သူသည် မိမိပြောင်လှောင်နေသော အရာဖြင့်ပင် ဖျက်ဆီးခံရမည်။ တမန်တော်မုဟမ္မဒ် (ဆွ) သည် မိမိအပေါ် ပြ
وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٍ مِّن قَبۡلِكَ فَحَاقَ بِٱلَّذِينَ سَخِرُواْ مِنۡهُم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ١٠
(အို-နဗီတမန်တော်) အသင်၏အထက် အဆက်ဆက်က ရစူလ်တမန်တော်များသည်လည်း ပြက်ချော်ပြောင်လှောင်ခြင်းကို ထင်ရှားဧကန်အမှန် ခံ၍သွားခဲ့ကြရသည်။ထို့နောက် ယင်းရစူလ်တမန်တော်တို့အား ပြက်ချော်ပြောင်လှောင်ကြလေသောသူတို့ကို ၎င်းတို့ပြက်ချော်ပြောင် လှောင်ခဲ့ကြသော အပြစ်ဒဏ်သည်ပင်လျှင်ဝန်းဝိုင်းခဲ့ လေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 8-12 — စူရာ အလ်-အန်အာမ်
8 وَقَالُوا لَوْلَا أُنزِلَ عَلَيْهِ مَلَكٌ ۖ وَلَوْ أَنزَلْنَا مَلَكًا لَّقُضِيَ الْأَمْرُ ثُمَّ لَا يُنظَرُونَ
၎င်းပြင် ထိုသူတို့က အဘယ်ကြောင့် ၎င်း (နဗီတမန်တော်)၏အထံသို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ထားခြင်း မရှိပါသနည်း ဟု ပြောဆိုကြကုန်၏။ စင်စစ်မှာမူအကယ်၍သာ ငါအရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် အရေးကိစ္စမှာ မုချဧကန်ပြီးဆုံးသွားမည် သာဖြစ်၏။ ထို့နောက်ပိုင်းတွင် ၎င်းတို့သည်(အပြစ်ပေးခြင်းမှ အနည်းငယ်မျှ) ရွှေ့ဆိုင်းခွင့်ကို ရရှိကြလိမ့်မည် မဟုတ်ပေ။
9 وَلَوْ جَعَلْنَاهُ مَلَكًا لَّجَعَلْنَاهُ رَجُلًا وَلَلَبَسْنَا عَلَيْهِم مَّا يَلْبِسُونَ
ထိုမှတစ်ပါး အကယ်၍သာ ငါအရှင်မြတ်သည်၎င်း(ရစူလ်တမန်တော်)အား ကောင်းကင်တမန် တစ်ပါးပြုလုပ်တော်မူခဲ့ပါလျှင် မုချဧကန် ငါအရှင်မြတ်သည် ထိုကောင်းကင်တမန်ကိုလည်း (ရုပ်ဆင်းသဏ္ဍာန်အားဖြင့်လူ)ယောက်ျားသာလျှင် ပြုလုပ်တော်မူမည်ဖြစ်သည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့အား (ယခု) ထိုသူများ ယုံမှားသံသယ ဖြစ်သကဲ့သို့ပင် (ထပ်မံ၍) မုချ ယုံမှားသံသယ ဖြစ်စေတော်မူမည် ဖြစ်၏။
10 وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَحَاقَ بِالَّذِينَ سَخِرُوا مِنْهُم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
(အို-နဗီတမန်တော်) အသင်၏အထက် အဆက်ဆက်က ရစူလ်တမန်တော်များသည်လည်း ပြက်ချော်ပြောင်လှောင်ခြင်းကို ထင်ရှားဧကန်အမှန် ခံ၍သွားခဲ့ကြရသည်။ထို့နောက် ယင်းရစူလ်တမန်တော်တို့အား ပြက်ချော်ပြောင်လှောင်ကြလေသောသူတို့ကို ၎င်းတို့ပြက်ချော်ပြောင် လှောင်ခဲ့ကြသော အပြစ်ဒဏ်သည်ပင်လျှင်ဝန်းဝိုင်းခဲ့ လေသည်။
11 قُلْ سِيرُوا فِي الْأَرْضِ ثُمَّ انظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
(အို-နဗီတမန်တော် အကယ်၍ ၎င်းတို့သည်ရှေးဟောင်းလူများ အပြစ်ဒဏ်ခံစားခဲ့ကြရသည်ကို မယုံမကြည်ငြင်းပယ်ကြပါမူ) အသင်သည် (ယင်းသူတို့အား ဤသို့ ပြောကြားပါလေ၊) အသင်တို့သည် ပထဝီမြေပြင်ဝယ် သွားလာလည်ပတ်ကြလေကုန်။ ၎င်းနောက် မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့ ၏အကျိုးသည် မည်သို့ရှိခဲ့သည်ကို အသင်တို့ကြည့်ရှုကြလေကုန်။
12 قُل لِّمَن مَّا فِي السَّمَاوَاتِ وَالْأَرْضِ ۖ قُل لِّلَّهِ ۚ كَتَبَ عَلَىٰ نَفْسِهِ الرَّحْمَةَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ ۚ الَّذِينَ خَسِرُوا أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ
(အို-နဗီတမန်တော်) အသင်သည် (ထိုသွေဖည်ငြင်းပယ်သောသူတို့အား) မိုးကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိရှိသမျှသောအရာတို့သည် မည်သူပိုင်ဆိုင်သော အရာများဖြစ်သနည်းဟု မေးမြန်းပါလေ။ ( ထိုသူတို့သည် ပဌမသော် အမှန်အတိုင်း ဖြေကြားကြမည်ဖြစ်သည်။ အကယ်၍အကြောင်း တစုံတရာကြောင့် အမှန်အတိုင်း မဖြေကြားခဲ့သည်ရှိသော်) အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာဖြစ်ချေသည် ဟု အသင်ကပင် ဖြေကြားပါလေ။ ၎င်းပြင် ထိုအရှင်မြတ်သည် (သတိတရားရရှိ၍ရှစ်ရ်က် မှ ဝန်ချတောင်းပန်သူတို့အား) ကရုဏာပြုတော်မူရန် မိမိအပေါ်၌ တာဝန်အဖြစ် သတ်မှတ်ထားတော်မူပြီးဖြစ်သည်ဟုလည်း ပြောဆိုပါလေ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား �ိယာမတ်နေ့တွင် မုချ စုရုံးတော်မူမည်။ထိုနေ့၏ (ဆိုက်ရောက်ခြင်း) ၌ အလျင်း ဒွိဟမရှိပေ။ အကြင်သူတို့သည် မိမိတို့ကိုယ်ကို နစ်နာ ပျက်စီးစေခဲ့ကြ၏။ ထိုသူတို့ကား အီမာန် ယုံကြည်ကြမည် မဟုတ်ပေ။
ဘာသာပြန် — အလ်-အန်အာမ် 10 စူရာ အလ်-အန်အာမ် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်၏အထက် အဆက်ဆက်က ရစူလ်တမန်တော်များသည်လည်း ပြက်ချော်ပြောင်လှောင်ခြင်းကို ထင်ရှားဧကန်အမှန် ခံ၍သွားခဲ့ကြရသည်။ထို့နောက် ယင်းရစူလ်တမန်တော်တို့အား ပြက်ချော်ပြောင်လှောင်ကြလေသောသူတို့ကို ၎င်းတို့ပြက်ချော်ပြောင်…
စူရာ အာယာသ် 10/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.