အာလ်-အိမရာန် · 139/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَلَا تَهِنُوا وَلَا تَحْزَنُوا وَأَنتُمُ الْأَعْلَوْنَ إِن كُنتُم مُّؤْمِنِينَ ۝١٣٩
Wa laa tahinoo wa laa tahzanoo wa antumul a`lawna in kuntum mu`mineen
📖 မြန်မာဘာသာ
ထိုပြင့်တဝအသင်တို့သည် အားလည်းမလျှော့ကြကုန်လင့်၊ ပူပင်သောကလည်းမဖြစ်ကြကုန်လင့်။ စင်စစ်သော်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ ဖြစ်ကြပါမူ (နောက်ဆုံးတွင်)အသင်တို့သည်သာလျှင် အနိုင်ရရှိသူများ ဖြစ်ကြလတ္တံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဝလာ တဟိနူ (وَلَا تَهِنُوا): အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အားလျော့ခြင်း မဖြစ်ကြပါနှင့်။
  • ဝလာ တဟ်ဇနူ (وَلَا تَحْزَنُوا): ဝမ်းနည်းပူဆွေးခြင်း မဖြစ်ကြပါနှင့်။
  • အလ်-အъလောင်န (الْأَعْلَوْنَ): အမြင့်မြတ်ဆုံးသူများ၊ အောင်မြင်မြင့်မားသူများ။
  • အင်ကုန်တုမ် မုအ်မီနီန (إِن كُنتُم مُّؤْمِنِينَ): အကယ်၍ သင်တို့သည် မုအ်မင်န်များ (အီမာန်ရှိသူများ) ဖြစ်ကြလျှင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို မုအ်မင်န်တို့၊ သင်တို့သည် ရန်သူများနှင့် တိုက်ခိုက်ရာတွင် အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း မဖြစ်ကြပါနှင့်။ ဥဟုဒ်စစ်ပွဲတွင် သင်တို့ကြုံတွေ့ခဲ့ရသော ဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများနှင့် အသတ်ခံရမှုများအတွက် ဝမ်းနည်းပူဆွေးခြင်း မဖြစ်ကြပါနှင့်။ အကြောင်းမှာ သင်တို့သည် အမြင့်မြတ်ဆုံးသူများ၊ အောင်မြင်မည့်သူများ ဖြစ်ကြသောကြောင့်ပင်။ သင်တို့သည် အီမာန်သက်ဝင်ယုံကြည်သူများ ဖြစ်ကြလျှင် ဤဘဝတွင်လည်း အောင်မြင်မှု ရမည်ဖြစ်ပြီး၊ နောင်တမလွန်ဘဝတွင်လည်း ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့် ရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကူညီမစတော်မူမည်ဖြစ်ပြီး၊ သင်တို့၏ အောင်မြင်မှုသည် သေချာပေါက် ရောက်လာမည်ဖြစ်သည်။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်ကို ယုံကြည်ပြီး အရှင့်လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးသူများ ဖြစ်ကြလျှင် ဤကတိတော်သည် သင်တို့အတွက် ဧကန်အမှန်ပင် ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အီမာန်ရှိခြင်းသည် အမြင့်မြတ်ဆုံးသော ဂုဏ်ကျေးဇူးဖြစ်သည်။ အီမာန်ရှိသူများသည် အမြဲတမ်း အမြင့်မြတ်ဆုံးသူများဖြစ်ကြသည်။
  • ဘဝတွင် ဆုံးရှုံးမှုများ၊ ဒုက္ခများ ကြုံတွေ့ရသောအခါ စိတ်ဓာတ်မကျဘဲ၊ ဝမ်းနည်းပူဆွေးမှု မဖြစ်ဘဲ သည်းခံခြင်းနှင့် ဇွဲလုံ့လဖြင့် ရှေ့ဆက်လျှောက်ရမည်။
  • အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များအား ကူညီမစမည်ဟု ကတိပေးထားသည်။ ဤကတိတော်သည် အီမာန်ရှိသူများအတွက် ကြီးမားသော အားပေးမှုဖြစ


📜 အာယာသ် 137-141 — စူရာ အာလ်-အိမရာန်

137قَدْ خَلَتْ مِن قَبْلِكُمْ سُنَنٌ فَسِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
ဧကန်ဆတ်ဆတ် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို (လိုက်စားသူများ)လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် မ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍ (အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်ကို) မဟုတ်မမှန် မုသားဟု ပြောဆိုငြင်းပယ်ကြသောသူတို့၏ နောက်ဆုံးအဖြစ်အပျက်သည် မည်သို့ ဖြစ်ခဲ့သည်ကို၊ကြည့်ရှုဆင်ခြင်ကြလေကုန်။
138هَٰذَا بَيَانٌ لِّلنَّاسِ وَهُدًى وَمَوْعِظَةٌ لِّلْمُتَّقِينَ
ဤသည်ကား လူခပ်သိမ်းတို့ (သိနားလည် နိုင်ရန်) အလို့ငှာ ရှင်းလင်းဖေါ်ပြချက်လည်းဖြစ်၏။ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော မွတ္တကီ သူတော်စင်များအဖို့ တရားဓမ္မ ညွှန်ကြားချက်များလည်းဖြစ်၏။ ဆုံးမဩဝါဒလည်းဖြစ်၏။
139وَلَا تَهِنُوا وَلَا تَحْزَنُوا وَأَنتُمُ الْأَعْلَوْنَ إِن كُنتُم مُّؤْمِنِينَ
ထိုပြင့်တဝအသင်တို့သည် အားလည်းမလျှော့ကြကုန်လင့်၊ ပူပင်သောကလည်းမဖြစ်ကြကုန်လင့်။ စင်စစ်သော်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ ဖြစ်ကြပါမူ (နောက်ဆုံးတွင်)အသင်တို့သည်သာလျှင် အနိုင်ရရှိသူများ ဖြစ်ကြလတ္တံ့။
140إِن يَمْسَسْكُمْ قَرْحٌ فَقَدْ مَسَّ الْقَوْمَ قَرْحٌ مِّثْلُهُ ۚ وَتِلْكَ الْأَيَّامُ نُدَاوِلُهَا بَيْنَ النَّاسِ وَلِيَعْلَمَ اللَّهُ الَّذِينَ آمَنُوا وَيَتَّخِذَ مِنكُمْ شُهَدَاءَ ۗ وَاللَّهُ لَا يُحِبُّ الظَّالِمِينَ
အကယ်၍ အသင်တို့၌ (အုဟုဒ် စစ်ပြေပြင်တွင်) တစုံတရာ ဒဏ်ရာဒဏ်ချက် ထိရောက်ခဲ့ပါလျှင် ယင်းကဲ့သို့ ဒဏ်ရာဒဏ်ချက်သည်ပင် (ဗဒ်ရ်စစ် မြေပြင်တွင်) ထိုရန်သူများ၌လည်း ထိရောက်ခဲ့ပြီး ဖြစ်ပေသည်။ (နိုင်တစ်ခါရှုံးတစ်လှည့်ဖြစ်သော) ဤခေတ်သမယများကို ငါအရှင်မြတ်သည်လူသား တို့စပ်ကြားတွင်လှည့်ပတ်ရောက်စေတော်မူသည်။(ယင်းသို့ ပြုလုပ်တော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည်အီမာန်ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြသော ‘မုအ်မင်န်’တို့ကို သိရှိတော်မူရန် အလို့ငှာလည်းကောင်း၊ အသင်တို့အနက်မှ အချို့တို့ကို (အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌) အသက်စွန့်သွားသော အာဇာနည်များအဖြစ် ပြုလုပ်တော် မူရန်အလို့ငှာလည်းကောင်း ဖြစ်ချေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရား ကျူးကျော် စော်ကားသော သူများကိုနှစ်သက်တော်မူသည် မဟုတ်ချေ။
141وَلِيُمَحِّصَ اللَّهُ الَّذِينَ آمَنُوا وَيَمْحَقَ الْكَافِرِينَ
၎င်းပြင် (ယင်းကဲ့သို့ ပြုလုပ်တော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ အီမာန် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသောသူတို့အား (ပြစ်မှုအပေါင်းတို့မှ) သန့်ရှင်း စင်ကြယ်စေတော် မူရန် အလို့ငှာလည်းကောင်း၊ ကာဖိရ်မယုံမကြည် သွေဖယ် ငြင်းပယ်သောသူများကို သုတ်သင်ရှင်းလင်းတော်မူရန် အလို့ငှာလည်းကောင်း၊ ဖြစ်ချေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
139အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 139

စူရာ အာလ်-အိမရာန် အာယာသ် 139 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုပြင့်တဝအသင်တို့သည် အားလည်းမလျှော့ကြကုန်လင့်၊ ပူပင်သောကလည်းမဖြစ်ကြကုန်လင့်။ စင်စစ်သော်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ ဖြစ်ကြပါမူ (နောက်ဆုံးတွင်)အသင်တို့သည်သာလျှင်…

စူရာ အာယာသ် 139/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 137–141. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 11, 2026

Don't forget us in your sincere prayers