အလ်-မာအိဒ · 27/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
۞ وَاتْلُ عَلَيْهِمْ نَبَأَ ابْنَيْ آدَمَ بِالْحَقِّ إِذْ قَرَّبَا قُرْبَانًا فَتُقُبِّلَ مِنْ أَحَدِهِمَا وَلَمْ يُتَقَبَّلْ مِنَ الْآخَرِ قَالَ لَأَقْتُلَنَّكَ ۖ قَالَ إِنَّمَا يَتَقَبَّلُ اللَّهُ مِنَ الْمُتَّقِينَ ۝٢٧
Watlu `alaihim naba abnai Aadama bilhaqq; iz qarrabaa qurbaanan fatuqubbila min ahadihimaa wa lam yutaqabbal minal aakhari qaala la aqtulannnaka qaala innamaa yataqabbalul laahu minal muttaqeen
📖 မြန်မာဘာသာ
၎င်းပြင် (အို -နဗီတမန်တော်) အသင်သည် ထိုသူတို့အား အာဒမ်၏ သားတော်နှစ်ဦး၏အကြောင်း မှန်ကန်စွာပြောပြပါလေ။ တစ်ရံရော အခါ ထိုသားတော်နှစ်ဦးသည် (အလ္လာဟ်အရှင်မြတ်အားရည်စူး၍) တစ်စုံတစ်ရာအလှူဝတ္ထုကို ပူဇော်သက္ကာရပြုကြလေရာ ၎င်းတို့နှစ်ဦးအနက် တစ်ဦး (ဖြစ်သော ညီတော်ဟာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းသည် (အလ္လာဟ်အရှင်မြတ်) ၏ သဘောတူတော်မူခြင်းခံရပြီး အခြားတစ်ဦး (ဖြစ်သောနောင်တော် ကာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းမှာမူ (အလ္လာဟ်အရှင်မြတ်၏) သဘောတူတော်မူခြင်းကို ခံခဲ့ရသည်မရှိချေ။ (သို့ဖြစ်ပေရာ ကာဗီလ်က ဟာဗီလ်အား) ‘ငါသည် အသင့်ကို မုချသတ်မည်” ဟုပြောဆိုခဲ့၏။ (ဟာဗီလ်က) “အလ္လာဟ်အရှင်မြတ်သည် သူတော်စင်များ၏ထံမှသာလျှင် (ပူဇော်သက္ကာရများကို) သဘောတူလက်ခံတော်မူပေသည်” ဟု ပြောကြားလေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • وَاتْلُ (ဝသ်လု): ဖတ်ကြားလော့၊ ပြောပြလော့၊ ရွတ်ဆိုလော့။
  • نَبَأَ (နဗအ): သတင်း၊ အဖြစ်အပျက်၊ သတင်းအချက်အလက်။
  • ابْنَيْ آدَمَ (ဗ်နိုင်း အာဒမ်): အာဒမ်၏ သားနှစ်ဦး (ဟာဗီလ်နှင့် ကာဗီလ်)။
  • قُرْبَانًا (ကုရ်ဗာနန်): အလ္လာဟ်အရှင်မြတ်ထံ ကပ်ရောက်ရန် ဆက်သွယ်သော အလှူအတန်း၊ ယဇ်ပူဇော်မှု။
  • الْمُتَّقِينَ (မုသ်သကီးန်): အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော၊ သူတော်စင်များ၊ တက္ကဝါရှိသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)၊ အသင်သည် ဣသရေလမျိုးနွယ်တို့အား အာဒမ်၏ သားနှစ်ဦးဖြစ်သော ဟာဗီလ်နှင့် ကာဗီလ်တို့၏ အဖြစ်အပျက်ကို မှန်ကန်သော အနေအထားဖြင့် ပြောပြလော့။ ထိုအခါ သူတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်ထံ ကပ်ရောက်ရန် ယဇ်ပူဇော်မှု တစ်ခုစီကို ဆက်သွင်းခဲ့ကြသည်။ ထိုအခါ သူတို့နှစ်ဦးအနက် တစ်ဦး (ဟာဗီလ်) ထံမှ အလ္လာဟ်အရှင်မြတ်သည် လက်ခံတော်မူခဲ့ပြီး၊ အခြားတစ်ဦး (ကာဗီလ်) ထံမှ လက်ခံတော်မူခဲ့ခြင်း မရှိပေ။ ထိုအခါ ကာဗီလ်သည် မနာလိုသော စိတ်ဖြင့် "ငါသည် သင့်ကို အမှန်ပင် သတ်ပစ်မည်" ဟု ပြောဆိုခဲ့သည်။ ဟာဗီလ်က "အလ္လာဟ်အရှင်မြတ်သည် ကြောက်ရွံ့သူများ (မုသ်သကီးန်များ) ထံမှသာလျှင် လက်ခံတော်မူသည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်ထံ ကပ်ရောက်ရန် ပြုလုပ်သော လုပ်ရပ်များကို အရှင်မြတ်သည် လက်ခံတော်မူခြင်း၏ အခြေခံအကြောင်းရင်းမှာ တက္ကဝါ (အရှင်မြတ်ကို ကြောက်ရွံ့ခြင်း) ပင်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ဟာဗီလ်သည် သူတော်စင်တစ်ဦးဖြစ်သောကြောင့် သူ၏ ယဇ်ပူဇော်မှုကို လက်ခံခဲ့ပြီး၊ ကာဗီလ်သည် တက္ကဝါ ကင်းမဲ့သောကြောင့် သူ၏ ယဇ်ပူဇော်မှုကို လက်မခံခဲ့ပေ။ ထို့ကြောင့် ကာဗီလ်သည် မနာလိုမှုဖြင့် သူ့အစ်ကိုကို သတ်ရန် ခြိမ်းခြောက်ခဲ့သည်။ သို့သော် ဟာဗီလ်သည် မိမိကိုယ်ကို ကာကွယ်ရန် သို့မဟုတ် လက်တုံ့ပြန်ရန် မပြုလုပ်ဘဲ၊ အလ္လာဟ်အရှင်မြတ်သည် ကြောက်ရွံ့သူများထံမှသာ လက်ခံတော



📜 အာယာသ် 25-29 — စူရာ အလ်-မာအိဒ

25قَالَ رَبِّ إِنِّي لَا أَمْلِكُ إِلَّا نَفْسِي وَأَخِي ۖ فَافْرُقْ بَيْنَنَا وَبَيْنَ الْقَوْمِ الْفَاسِقِينَ
ထိုရောအခါဝယ် (နဗီတမန်တော်) မူစာက “အို- ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် မိမိကိုယ်နှင့် မိမိ၏နောင်တော် (နဗီတမန်ဟာရွန်) မှတစ်ပါး အခြား မည်သူ့အပေါ်၌မျှ အခွင့်အာဏာ ပိုင်ဆိုင်သည်မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့် (ဤ) စည်းကမ်းဖောက်ဖျက် သွေဖည်ငြင်းဆန်သော လူမျိုးတို့၏စပ်ကြားတွင် အဆုံးအဖြတ်ပေးတော်မူပါ”ဟု လျှောက်ထားပန်ကြားခဲ့လေသည်။
26قَالَ فَإِنَّهَا مُحَرَّمَةٌ عَلَيْهِمْ ۛ أَرْبَعِينَ سَنَةً ۛ يَتِيهُونَ فِي الْأَرْضِ ۚ فَلَا تَأْسَ عَلَى الْقَوْمِ الْفَاسِقِينَ
ထိုအခါဝယ် (အလ္လာဟ်အရှင်မြတ်ကမူ) “သို့ဖြစ်လျှင် ဧကန်စင်စစ် ထို (နယ်) မြေသည် ၎င်းတို့အဖို့ နှစ်ပေါင်းလေးဆယ်တိုင်တိုင် ‘ဟရာမ်’ မြစ်တားထားပြီးဖြစ်ချေပြီ။ ၎င်းတို့သည် (ဤ သိနကျွန်းစွယ်၏ နယ်) မြေ၌ပင် တဝဲလည်လည် ဖြစ်ကြလတ္တံ့။ သို့ဖြစ်ပေရာ အသင် (နဗီတမန်တော်မူစာ) သည် (ဤ) စည်းကမ်းဖောက်ဖျက် အမိန့်တော်ကိုသွေဖည်ငြင်းဆန်သော လူမျိုးနှင့်ပတ်သက်၍ (လုံးဝ) ပူဆွေးဝမ်းနည်းခြင်း မရှိပါလေနှင့်” ဟု မိန့်ကြားတော်မူခဲ့လေသတည်း။
27۞ وَاتْلُ عَلَيْهِمْ نَبَأَ ابْنَيْ آدَمَ بِالْحَقِّ إِذْ قَرَّبَا قُرْبَانًا فَتُقُبِّلَ مِنْ أَحَدِهِمَا وَلَمْ يُتَقَبَّلْ مِنَ الْآخَرِ قَالَ لَأَقْتُلَنَّكَ ۖ قَالَ إِنَّمَا يَتَقَبَّلُ اللَّهُ مِنَ الْمُتَّقِينَ
၎င်းပြင် (အို -နဗီတမန်တော်) အသင်သည် ထိုသူတို့အား အာဒမ်၏ သားတော်နှစ်ဦး၏အကြောင်း မှန်ကန်စွာပြောပြပါလေ။ တစ်ရံရော အခါ ထိုသားတော်နှစ်ဦးသည် (အလ္လာဟ်အရှင်မြတ်အားရည်စူး၍) တစ်စုံတစ်ရာအလှူဝတ္ထုကို ပူဇော်သက္ကာရပြုကြလေရာ ၎င်းတို့နှစ်ဦးအနက် တစ်ဦး (ဖြစ်သော ညီတော်ဟာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းသည် (အလ္လာဟ်အရှင်မြတ်) ၏ သဘောတူတော်မူခြင်းခံရပြီး အခြားတစ်ဦး (ဖြစ်သောနောင်တော် ကာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းမှာမူ (အလ္လာဟ်အရှင်မြတ်၏) သဘောတူတော်မူခြင်းကို ခံခဲ့ရသည်မရှိချေ။ (သို့ဖြစ်ပေရာ ကာဗီလ်က ဟာဗီလ်အား) ‘ငါသည် အသင့်ကို မုချသတ်မည်” ဟုပြောဆိုခဲ့၏။ (ဟာဗီလ်က) “အလ္လာဟ်အရှင်မြတ်သည် သူတော်စင်များ၏ထံမှသာလျှင် (ပူဇော်သက္ကာရများကို) သဘောတူလက်ခံတော်မူပေသည်” ဟု ပြောကြားလေသည်။
28لَئِن بَسَطتَ إِلَيَّ يَدَكَ لِتَقْتُلَنِي مَا أَنَا بِبَاسِطٍ يَدِيَ إِلَيْكَ لِأَقْتُلَكَ ۖ إِنِّي أَخَافُ اللَّهَ رَبَّ الْعَالَمِينَ
အသင်သည် အကယ်၍ ကျွန်ုပ်အားသတ်ဖြတ်ရန် မိမိလက်ကိုလှမ်းခဲ့အံ့ငြားလည်း ကျွန်ုပ်သည် အသင့်အားသတ်ဖြတ်ရန် အသင့်ဘက်သို့ ကျွန်ုပ်၏လက်ကို လှမ်းမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောကြောင့်ပင်တည်း။”
29إِنِّي أُرِيدُ أَن تَبُوءَ بِإِثْمِي وَإِثْمِكَ فَتَكُونَ مِنْ أَصْحَابِ النَّارِ ۚ وَذَٰلِكَ جَزَاءُ الظَّالِمِينَ
“ဧကန်စင်စစ် ကျွန်ုပ် (အားသတ်ဖြတ်ခြင်း) ၏အပြစ်ကိုလည်းကောင်း၊ အသင်၏ (ယခင်) အပြစ်ကိုလည်းကောင်း အသင်သာလျှင် (မိမိပခုံးဖြင့်) ထမ်းဆောင်၍ ပြန်သွားရန် ကျွန်ုပ်ရည်စူး၏။ ထို့နောက် အသင်သည် ငရဲသားတို့တွင် အပါအဝင်ဖြစ်ချေမည်။ အမှန်စင်စစ် ဤသည်သာလျှင် မတော်မတရားပြုမူသောသူတို့၏ အကျိုးတည်း။”
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
27အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 27

စူရာ အလ်-မာအိဒ အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို -နဗီတမန်တော်) အသင်သည် ထိုသူတို့အား အာဒမ်၏ သားတော်နှစ်ဦး၏အကြောင်း မှန်ကန်စွာပြောပြပါလေ။ တစ်ရံရော အခါ…

စူရာ အာယာသ် 27/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers