အလ်-အာအ်ရာဖ် · 15/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
قَالَ إِنَّكَ مِنَ الْمُنظَرِينَ ۝١٥
Qaala innaka minal munzareen
📖 မြန်မာဘာသာ
(သို့ဖြစ်ပေရာ) ထိုအရှင်မြတ်က (ဟယ်အစ်ဗ်လီးစ်) မုချဧကန် အသင်သည် ရွှေ့ဆိုင်းခွင့် ရရှိပြီးဖြစ်သည်ဟု မိန့်ကြားတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 13-17 — စူရာ အလ်-အာအ်ရာဖ်

13قَالَ فَاهْبِطْ مِنْهَا فَمَا يَكُونُ لَكَ أَن تَتَكَبَّرَ فِيهَا فَاخْرُجْ إِنَّكَ مِنَ الصَّاغِرِينَ
(ထိုရောကာလ) ထိုအရှင်မြတ်သည် (ယင်းအစ်ဗ်လီးစ်အား ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (ဟယ်-ဣဗ်လီးစ်) သို့ဖြစ်လျှင် အသင်သည် ဤ(ဂျန္နတ် အမတသုခဘုံ)မှ ဆင်းလော့။ အသင်သည် ဤ(ဂျန္နတ်အမတသုခဘုံ)၌မောက်မာပလွှား[တနည်း] ဂုဏ်ဟိတ်ထုတ်ရန် မထိုက်ပေ။ သို့ဖြစ်ပေရာ အသင်သည်(ဤမှ)ထွက်လော့။ မုချဧကန် အသင်သည် ဂုဏ်သိရ်သိမ်ဖျင်းသူတို့တွင် အပါအဝင် ဖြစ်ချေသည်။
14قَالَ أَنظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ
(ထိုအခါ) ယင်းအစ်ဗ်လီးစ်က အို-အရှင်အရှင်မြတ်သည် ကျွန်တော်မျိုးအား ပြစ်ဒဏ်ပေး တော်မူခြင်းမှလည်းကောင်း၊ အသက်သေခြင်းမှလည်းကောင်း၊ သတ္တဝါအပေါင်းတို့ ရှင်ပြန်ထကြရမည့်နေ့အထိ ရွှေ့ဆိုင်းပေးတော်မူပါဟု လျှောက်ထားခဲ့လေ၏။
15قَالَ إِنَّكَ مِنَ الْمُنظَرِينَ
(သို့ဖြစ်ပေရာ) ထိုအရှင်မြတ်က (ဟယ်အစ်ဗ်လီးစ်) မုချဧကန် အသင်သည် ရွှေ့ဆိုင်းခွင့် ရရှိပြီးဖြစ်သည်ဟု မိန့်ကြားတော်မူ၏။
16قَالَ فَبِمَا أَغْوَيْتَنِي لَأَقْعُدَنَّ لَهُمْ صِرَاطَكَ الْمُسْتَقِيمَ
(ထိုအခါ) ၎င်းအစ်ဗ်လီးစ်က (ဤသို့)လျှောက်ထားခဲ့လေ၏။ (အို-အရှင်) အရှင်မြတ်သည် ကျွန်တော်မျိုးအားလမ်းမှားစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်လည်း ၎င်းတို့(အားလမ်းမှားစေရန်)အလို့ငှာ အရှင်မြတ်၏တရားလမ်းမှန်၌ မုချ(ပုန်းလျှိုးချောင်းမြောင်း၍)ထိုင်နေပါမည်။
17ثُمَّ لَآتِيَنَّهُم مِّن بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَانِهِمْ وَعَن شَمَائِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَاكِرِينَ
ထို့နောက် ကျွန်တော်မျိုးသည် ထိုသူတို့ထံ၊ ထိုသူတို့၏ ရှေ့မှလည်းကောင်း၊ ထိုသူတို့၏နောက်မှလည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်မှ၎င်း၊ ထိုသူတို့၏ လက်ဝဲဖက်မှလည်းကောင်း၊ (လေးဘက်လေးတန် အဖက်ဖက်မှ)ဝင်ရောက်ပါမည်။ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အနက်အများစုကို ကျေးဇူးသိတတ်သော သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပါ။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
15အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 15

စူရာ အလ်-အာအ်ရာဖ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (သို့ဖြစ်ပေရာ) ထိုအရှင်မြတ်က (ဟယ်အစ်ဗ်လီးစ်) မုချဧကန် အသင်သည် ရွှေ့ဆိုင်းခွင့် ရရှိပြီးဖြစ်သည်ဟု မိန့်ကြားတော်မူ၏။

စူရာ အာယာသ် 15/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers