အလ်-အစ်ရာ · 42/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
قُل لَّوْ كَانَ مَعَهُ آلِهَةٌ كَمَا يَقُولُونَ إِذًا لَّابْتَغَوْا إِلَىٰ ذِي الْعَرْشِ سَبِيلًا ۝٤٢
Qul law kaana ma`ahooo aalihatun kamaa yaqooloona izal labtaghaw ilaa zil `Arshi Sabeela
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်)အသင်သည်(ဤသို့)ပြောကြားပါလေ။ အကယ်၍သာ ယင်း(မုရှ်ရစ်က်)တို့ ပြောဆိုသည့်အတိုင်း ထို(အလ္လာဟ်)အရှင်မြတ်နှင့်အတူ အခြား ကိုးကွယ်ရာများလည်း ရှိကြပါလျှင် ဧကန်မလွဲ ၎င်းတို့သည် အရ်ရှ်ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင်မြတ်အထံတော်သို့(သွားရောက်တိုက်ခိုက်ရန်) နည်းလမ်းရှာဖွေခဲ့ကြပြီး ဖြစ်အံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မုဟမ္မဒ်တမန်တော်မြတ်အား ဤသို့မိန့်ကြားတော်မူသည်။ အို-တမန်တော်မြတ်၊ အသင်သည် ရုပ်တုကိုးကွယ်သူများအား ဤသို့ပြောကြားလိုက်ပါ။ အကယ်၍ အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများ ရှိခဲ့ပါလျှင်၊ ထိုကိုးကွယ်ရာများသည် အလ္လာဟ်အရှင်မြတ်၏ အာဏာစက်တော်ကို လုယူရန် နည်းလမ်းရှာကြံကြမည်သာ ဖြစ်သည်။ သို့သော် ထိုသို့မဖြစ်နိုင်ပါ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်တော်မူသည်။
  2. ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများရှိသည်ဟု ဆိုကြသော ရုပ်တုကိုးကွယ်သူများ၏ အဆိုကို ချေပရန် ထုတ်ဖော်ထားခြင်းဖြစ်သည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများ အမှန်တကယ်ရှိခဲ့ပါလျှင်၊ ထိုကိုးကွယ်ရာများသည် မဟာပလ္လင်ကို ပိုင်ဆိုင်တော်မူသော အလ္လာဟ်အရှင်မြတ်ထံသို့ နည်းလမ်းတစ်ခုကို ရှာကြံကြမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာဏာစက်တော်ကို လုယူရန်၊ အနိုင်ယူရန် နည်းလမ်းရှာကြံကြမည်ဖြစ်သည်။ ဤကမ္ဘာလောက၏ ဘုရင်များသည် အချင်းချင်း အာဏာလုယူကြသကဲ့သို့ဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် အမြင့်မြတ်ဆုံးဖြစ်တော်မူပြီး၊ မည်သည့်အရာကမျှ အရှင်မြတ်ကို အနိုင်ယူနိုင်မည်မဟုတ်ပါ။ ဤသည်က အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်တော်မူကြောင်း ထင်ရှားစွာ သက်သေပြလျက်ရှိသည်။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်တော်မူကြောင်း သိရှိရသည်။
  • အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများရှိသည်ဟု ဆိုခြင်းသည် အခြေအမြစ်မရှိသော အဆိုဖြစ်ကြောင်း နားလည်ရသည်။
  • အလ္လာဟ်အရှင်မြတ်သည် အမြင့်မြတ်ဆုံးသော အာဏာစက်ကို ပိုင်ဆိုင်တော်မူကြောင်း သိရှိရသည်။
  • အစ္စလာမ်သာသနာသည် စစ်မှန်သော သာသနာဖြစ်ကြောင်း ယုံကြည်စိတ်ချရသည်။
  • ကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်ဖြစ်ကြောင်း သက်သေထူလျက်ရှိသည်။
  • ဤအာယသ်တော်ကို ဖတ်ရှုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်မှု တိုးပွားလာသည်။
  • အစ


📜 အာယာသ် 40-44 — စူရာ အလ်-အစ်ရာ

40أَفَأَصْفَاكُمْ رَبُّكُم بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည် အသင်တို့အား ထူးခြားစွာ သား ယောက်ျားကလေးများကိုသာ ချီးမြှင့်တော်မူ၍ မိမိကိုယ်တော်တိုင်မှာမူကားမလာအိကဟ် ကောင်းကင် တမန်တို့အား သမီးမိန်းကလေးများအဖြစ် မွေးစားတော်မူထားပါသလော။ ဧကန်မလွဲ အသင်တို့သည် ကြီးကျယ်လွန်မင်းသောစကားကို ပြောဆိုကြကုန်သတည်း။
41وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِيَذَّكَّرُوا وَمَا يَزِيدُهُمْ إِلَّا نُفُورًا
၎င်းပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် (လူခပ်သိမ်းတို့) တရားရအံ့သောငှာ(ကိုးကွယ်ရာအရှင် တဆူတည်းဖြစ်တော်မူကြောင်းကို) နည်းအမျိုးမျိုးဖြင့် ပြောင်းလဲမိန့်ကြား တော်မူခဲ့လေသည်။ သို့ရာတွင်ယင်းပြောင်းလဲမိန့်ကြားမှုသည် ၎င်း(မုရှ်ရစ်က်)တို့၌ စက်ဆုပ်မှုမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ မတိုးပွားစေချေ။
42قُل لَّوْ كَانَ مَعَهُ آلِهَةٌ كَمَا يَقُولُونَ إِذًا لَّابْتَغَوْا إِلَىٰ ذِي الْعَرْشِ سَبِيلًا
(အို-နဗီတမန်တော်)အသင်သည်(ဤသို့)ပြောကြားပါလေ။ အကယ်၍သာ ယင်း(မုရှ်ရစ်က်)တို့ ပြောဆိုသည့်အတိုင်း ထို(အလ္လာဟ်)အရှင်မြတ်နှင့်အတူ အခြား ကိုးကွယ်ရာများလည်း ရှိကြပါလျှင် ဧကန်မလွဲ ၎င်းတို့သည် အရ်ရှ်ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင်မြတ်အထံတော်သို့(သွားရောက်တိုက်ခိုက်ရန်) နည်းလမ်းရှာဖွေခဲ့ကြပြီး ဖြစ်အံ့သတည်း။
43سُبْحَانَهُ وَتَعَالَىٰ عَمَّا يَقُولُونَ عُلُوًّا كَبِيرًا
ထိုအရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော် မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် ယင်း(မုရှ်ရစ်က်)တို့ ပြောဆို(စွပ်စွဲ)ကြသည်တို့ထက်သာလွန်ထူးကဲ မြင့်မြတ်လှတော်မူပေသတည်း။
44تُسَبِّحُ لَهُ السَّمَاوَاتُ السَّبْعُ وَالْأَرْضُ وَمَن فِيهِنَّ ۚ وَإِن مِّن شَيْءٍ إِلَّا يُسَبِّحُ بِحَمْدِهِ وَلَٰكِن لَّا تَفْقَهُونَ تَسْبِيحَهُمْ ۗ إِنَّهُ كَانَ حَلِيمًا غَفُورًا
မိုးခုနစ်ထပ်သည်လည်းကောင်း၊ ပထဝီမြေသည်လည်းကောင်း၊ ထိုမိုးများနှင့် ပထဝီမြေ၌ရှိသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း ပွားများသရဇ္ဈာယ်လျက်ရှိကြကုန်၏။ အမှန်စင်စစ်(သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့သည် ထိုအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ စင်ကြယ်သန့်ရှင်းတော်မူကြောင်း ပွားများသရဇ္ဈာယ်လျက်ပင်ရှိကြကုန်သည်။ သို့ရာတွင် အသင် တို့မှာမူကား ၎င်းတို့၏ ပွားများသရဇ္ဈာယ်မှုကို နားမလည်ကြချေ။ဧကန်စင်စစ် ထိုအရှင်မြတ်သည် အလွန်တရာ သည်းခံတော်မူသောအရှင်၊ အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
42အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 42

စူရာ အလ်-အစ်ရာ အာယာသ် 42 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်)အသင်သည်(ဤသို့)ပြောကြားပါလေ။ အကယ်၍သာ ယင်း(မုရှ်ရစ်က်)တို့ ပြောဆိုသည့်အတိုင်း ထို(အလ္လာဟ်)အရှင်မြတ်နှင့်အတူ အခြား ကိုးကွယ်ရာများလည်း ရှိကြပါလျှင် ဧကန်မလွဲ ၎င်းတို့သည်…

စူရာ အာယာသ် 42/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 40–44. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers