အလ်-အာအ်ရာဖ် · 124/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَافٍ ثُمَّ لَأُصَلِّبَنَّكُمْ أَجْمَعِينَ ۝١٢٤
La uqatti`anna aidiyakum wa arjulakum min khilaafin summa la usallibannakum ajma`een
📖 မြန်မာဘာသာ
ငါသည် မုချမလွဲ အသင်တို့၏လက်များကိုလည်းကောင်း၊ အသင်တို့၏ခြေများကိုလည်းကောင်း၊ (ဝဲယာ)လွှဲ၍ ဖြတ်တောက်မည်။ ထို့နောက် ငါသည် မုချဧကန်အသင်တို့ အားလုံးကို လက်ဝါးကပ်တိုင်တင်မည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 122-126 — စူရာ အလ်-အာအ်ရာဖ်

122رَبِّ مُوسَىٰ وَهَارُونَ
(နဗီတမန်တော်မူစာ)နှင့် (နဗီတမန်တော်)(ဟာရူန်) တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အားယုံကြည် ကြလေပြီ)။တစ်နည်း။(ထိုအရှင်မြတ်သည်) တမန်တော်(မူစာ)နှင့်တမန်တော်(ဟာရူန်)တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း (ဖြစ်တော်မူသည်)။
123قَالَ فِرْعَوْنُ آمَنتُم بِهِ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّ هَٰذَا لَمَكْرٌ مَّكَرْتُمُوهُ فِي الْمَدِينَةِ لِتُخْرِجُوا مِنْهَا أَهْلَهَا ۖ فَسَوْفَ تَعْلَمُونَ
ထိုအခါ ဖစ်ရ်အောင်န်က ငါသည် အသင်တို့အားခွင့်မပြုမီပင် အသင်တို့သည် [ထို(မူစာနှင့်ဟာရူန် တို့၏)အရှင်အား] [(တနည်း)(မူစာ)အား] သက်ဝင် ယုံကြည်ခဲ့ကြချေပြီလော။ ဤသည်ကား ဧကန်စင်စစ် ပရိယာယ် မာယာကာရတစ်ရပ်ပင် ဖြစ်ချေသည်။ အသင်တို့သည် ယင်းပရိယာယ်မာယာကာရကို မြို့ထဲ၌ ထိုမြို့တွင် နေထိုင်ကြသောသူတို့အား မြို့တွင်းမှ ထုတ်ပစ်ကြရန် (မူစာနှင့်လျှို့ဝှက်စွာပူးပေါင်း၍) ကြံစည်ခဲ့ကြကုန်သည်။ သို့ဖြစ်ပေရာ မကြာမြင့်မီပင် အသင်တို့သည် (အကြောင်း) သိရှိကြ(ရပေလိမ့်) မည်ဟုပြောဆို ကြိမ်းဝါးခဲ့လေသတည်း။
124لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَافٍ ثُمَّ لَأُصَلِّبَنَّكُمْ أَجْمَعِينَ
ငါသည် မုချမလွဲ အသင်တို့၏လက်များကိုလည်းကောင်း၊ အသင်တို့၏ခြေများကိုလည်းကောင်း၊ (ဝဲယာ)လွှဲ၍ ဖြတ်တောက်မည်။ ထို့နောက် ငါသည် မုချဧကန်အသင်တို့ အားလုံးကို လက်ဝါးကပ်တိုင်တင်မည်။
125قَالُوا إِنَّا إِلَىٰ رَبِّنَا مُنقَلِبُونَ
ထိုအခါ ယင်း(ပဉ္စလက်ဆရာ)တို့က ကျွန်ုပ်တို့သည် ဧကန်မလွဲ မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်အထံတော်သို့ပင် ပြန်သွားကြရမည့် သူများသာဖြစ်ကြသည်ဟု ပြောဆိုကြကုန်သည်။
126وَمَا تَنقِمُ مِنَّا إِلَّا أَنْ آمَنَّا بِآيَاتِ رَبِّنَا لَمَّا جَاءَتْنَا ۚ رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَتَوَفَّنَا مُسْلِمِينَ
စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အားကျွန်ုပ်တို့ထံ ကျွန်ုပ်တို့အသျှင်မြတ်၏ သက်သေ လက္ခဏာများရောက်ရှိလာသောအခါ ကျွန်ုပ်တို့ ယုံကြည်လက်ခံကြသည်ကိုသာလျှင် တုံ့ပြန်လက်စား ချေသည်သာဖြစ်ပေသည်။ (ထို့နောက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့ဆုမွန်ပတ္တနာ ပြုကြကုန်၏။) အို-ကျွန်တော်မျိုးတို့၏အရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်၌ ကြံ့ခိုင်မှုကို သွန်းလောင်း ၍ ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူများအဖြစ် သေဆုံးစေတော်မူပါ။(ရကူ)
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
124အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 124

စူရာ အလ်-အာအ်ရာဖ် အာယာသ် 124 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ငါသည် မုချမလွဲ အသင်တို့၏လက်များကိုလည်းကောင်း၊ အသင်တို့၏ခြေများကိုလည်းကောင်း၊ (ဝဲယာ)လွှဲ၍ ဖြတ်တောက်မည်။ ထို့နောက် ငါသည် မုချဧကန်အသင်တို့ အားလုံးကို…

စူရာ အာယာသ် 124/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 122–126. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers