အလ်-အာအ်ရာဖ် · 125/206
ဘာသာပြန် အသံနိုင်ငံ — အလ်-အာအ်ရာဖ်
قَالُوا إِنَّا إِلَىٰ رَبِّنَا مُنقَلِبُونَ ۝١٢٥
Qaaloo innaaa ilaa Rabbinaa munqaliboon
📖 မြန်မာဘာသာ
ထိုအခါ ယင်း(ပဉ္စလက်ဆရာ)တို့က ကျွန်ုပ်တို့သည် ဧကန်မလွဲ မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်အထံတော်သို့ပင် ပြန်သွားကြရမည့် သူများသာဖြစ်ကြသည်ဟု ပြောဆိုကြကုန်သည်။

🎧 နားထောင်


📜 အာယာသ် 123-127 — အလ်-အာအ်ရာဖ်

123قَالَ فِرْعَوْنُ آمَنتُم بِهِ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّ هَٰذَا لَمَكْرٌ مَّكَرْتُمُوهُ فِي الْمَدِينَةِ لِتُخْرِجُوا مِنْهَا أَهْلَهَا ۖ فَسَوْفَ تَعْلَمُونَ
ထိုအခါ ဖစ်ရ်အောင်န်က ငါသည် အသင်တို့အားခွင့်မပြုမီပင် အသင်တို့သည် [ထို(မူစာနှင့်ဟာရူန် တို့၏)အရှင်အား] [(တနည်း)(မူစာ)အား] သက်ဝင် ယုံကြည်ခဲ့ကြချေပြီလော။ ဤသည်ကား ဧကန်စင်စစ် ပရိယာယ် မာယာကာရတစ်ရပ်ပင် ဖြစ်ချေသည်။ အသင်တို့သည် ယင်းပရိယာယ်မာယာကာရကို မြို့ထဲ၌ ထိုမြို့တွင် နေထိုင်ကြသောသူတို့အား မြို့တွင်းမှ ထုတ်ပစ်ကြရန် (မူစာနှင့်လျှို့ဝှက်စွာပူးပေါင်း၍) ကြံစည်ခဲ့ကြကုန်သည်။ သို့ဖြစ်ပေရာ မကြာမြင့်မီပင် အသင်တို့သည် (အကြောင်း) သိရှိကြ(ရပေလိမ့်) မည်ဟုပြောဆို ကြိမ်းဝါးခဲ့လေသတည်း။
124لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَافٍ ثُمَّ لَأُصَلِّبَنَّكُمْ أَجْمَعِينَ
ငါသည် မုချမလွဲ အသင်တို့၏လက်များကိုလည်းကောင်း၊ အသင်တို့၏ခြေများကိုလည်းကောင်း၊ (ဝဲယာ)လွှဲ၍ ဖြတ်တောက်မည်။ ထို့နောက် ငါသည် မုချဧကန်အသင်တို့ အားလုံးကို လက်ဝါးကပ်တိုင်တင်မည်။
125قَالُوا إِنَّا إِلَىٰ رَبِّنَا مُنقَلِبُونَ
ထိုအခါ ယင်း(ပဉ္စလက်ဆရာ)တို့က ကျွန်ုပ်တို့သည် ဧကန်မလွဲ မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်အထံတော်သို့ပင် ပြန်သွားကြရမည့် သူများသာဖြစ်ကြသည်ဟု ပြောဆိုကြကုန်သည်။
126وَمَا تَنقِمُ مِنَّا إِلَّا أَنْ آمَنَّا بِآيَاتِ رَبِّنَا لَمَّا جَاءَتْنَا ۚ رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَتَوَفَّنَا مُسْلِمِينَ
စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အားကျွန်ုပ်တို့ထံ ကျွန်ုပ်တို့အသျှင်မြတ်၏ သက်သေ လက္ခဏာများရောက်ရှိလာသောအခါ ကျွန်ုပ်တို့ ယုံကြည်လက်ခံကြသည်ကိုသာလျှင် တုံ့ပြန်လက်စား ချေသည်သာဖြစ်ပေသည်။ (ထို့နောက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့ဆုမွန်ပတ္တနာ ပြုကြကုန်၏။) အို-ကျွန်တော်မျိုးတို့၏အရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်၌ ကြံ့ခိုင်မှုကို သွန်းလောင်း ၍ ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူများအဖြစ် သေဆုံးစေတော်မူပါ။(ရကူ)
127وَقَالَ الْمَلَأُ مِن قَوْمِ فِرْعَوْنَ أَتَذَرُ مُوسَىٰ وَقَوْمَهُ لِيُفْسِدُوا فِي الْأَرْضِ وَيَذَرَكَ وَآلِهَتَكَ ۚ قَالَ سَنُقَتِّلُ أَبْنَاءَهُمْ وَنَسْتَحْيِي نِسَاءَهُمْ وَإِنَّا فَوْقَهُمْ قَاهِرُونَ
ထို့နောက် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အနက်မှ မှူးမတ်တို့က (ဤသို့)ပြောဆိုကြလေသည်။ အသင်သည် မူစာနှင့်ယင်း၏အမျိုးသားတို့ကို တိုင်းပြည်တွင် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နိုင် ကြရန်လည်းကောင်း၊ ထိုတမန်တော်(မူစာ)သည် အသင်နှင့်တကွ အသင်၏ကိုးကွယ်ရာများကိုပါ စွန့်ပစ်ထားရန်လည်းကောင်း၊ (ဤအတိုင်းပင်)လွှတ်၍ထားပါမည်လော။ ထိုအခါ ယင်း(ဖစ်ရ်အောင်န်)က (ဤသို့ပြန်လည်)ပြောကြားလေသည်။ ငါတို့သည် မကြာမီ ၎င်းတို့၏သားယောက်ျားကလေးများကို သတ်ဖြတ်ကြမည်။ သို့ရာတွင်၎င်းတို့၏ အမျိုးသမီးများကိုမူကား (ခိုင်းစေနိုင်ရန်အတွက်သတ်ဖြတ်ခြင်းမပြုပဲ) အသက်ချမ်းသာခွင့် ပေးထားကြမည်။��မှန်သော်ကား ငါတို့သည် ၎င်းတို့အား(နိုင်နင်း လွှမ်းမိုးသူများပင် ဖြစ်ကြသည်။)
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
125အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 125

စူရာ အလ်-အာအ်ရာဖ် အာယာသ် 125 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ ယင်း(ပဉ္စလက်ဆရာ)တို့က ကျွန်ုပ်တို့သည် ဧကန်မလွဲ မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်အထံတော်သို့ပင် ပြန်သွားကြရမည့် သူများသာဖြစ်ကြသည်ဟု ပြောဆိုကြကုန်သည်။

စူရာ အာယာသ် 125/206 — အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အာအ်ရာဖ် နားထောင်, အလ်-အာအ်ရာဖ် ဘာသာပြန်, အလ်-အာအ်ရာဖ် mp3, အလ်-အာအ်ရာဖ် pdf. အာယာသ် 123–127. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers