Перевод суры Аль-Муддассир на бирманский язык

  1. Сура mp3
  2. Другие суры
  3. бирманский
Священный Коран | Перевод Корана | Язык бирманский | Сура Аль-Муддассир | المدثر - получите точный и надежный бирманский текст сейчас - Количество аятов: 56 - Номер суры в мушафе: 74 - Значение названия суры на русском языке: The One Wrapped Up.

يَا أَيُّهَا الْمُدَّثِّرُ(1)

 အို-စောင်ခြုံထားသူ။

قُمْ فَأَنذِرْ(2)

 အသင်သည် ထပြီးလျှင် (ကာဖိရ် သွေဖည် ငြင်းပယ်သောသူတို့အား) သတိပေးနှိုးဆော်ပါလေ။

وَرَبَّكَ فَكَبِّرْ(3)

 ၎င်းပြင် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် ကြီးကဲမြင့်မြတ်တော်မူကြောင်း ချီးကျူးမြွက်ဆိုပါလေ။

وَثِيَابَكَ فَطَهِّرْ(4)

 ၎င်းပြင် အသင်သည် မိမိအဝတ်များကို(အညစ်အကြေးတို့မှ) စင်ကြယ်သန့်ရှင်းစေပါလေ၊

وَالرُّجْزَ فَاهْجُرْ(5)

 ထို့ပြင် အသင်သည် ရုပ်တုများမှ လွတ်ကင်းစွာနေပါလေ။

وَلَا تَمْنُن تَسْتَكْثِرُ(6)

 ထို့ပြင် အသင်သည် (တစ်စုံတစ်ဦးအား) ပိုမိုရလိုသောအားဖြင့် (တစ်စုံတစ်ရာ)ပေးကမ်းခြင်းကို မပြုပါလေနှင့်။

وَلِرَبِّكَ فَاصْبِرْ(7)

 ထိုမှတစ်ပါး အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် (ကျေနပ်မှု)ကို ရည်စူး၍ သည်းခံခြင်း တရားထားရှိပါလေ။

فَإِذَا نُقِرَ فِي النَّاقُورِ(8)

 စင်စစ်သော်ကား တံပိုးခရာ မှုတ်သောအခါဝယ်

فَذَٰلِكَ يَوْمَئِذٍ يَوْمٌ عَسِيرٌ(9)

 ယင်းနေ့မှာ လွန်စွာ ခက်ခဲပြင်းထန်သော နေ့ပင်ဖြစ်ချိမ့်မည်။

عَلَى الْكَافِرِينَ غَيْرُ يَسِيرٍ(10)

 ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့အဖို့ လွယ်ကူခြင်းမရှိသော။

ذَرْنِي وَمَنْ خَلَقْتُ وَحِيدًا(11)

 (အို-နဗီတမန်တော်) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊ အကြင်သူအားလည်းကောင်း၊ လွှတ်ထားပါလေ။ ငါအရှင်မြတ်သည် ၎င်း အား တစ်ဦးတည်း ဖန်ဆင်းတော်မူခဲ့၏။

وَجَعَلْتُ لَهُ مَالًا مَّمْدُودًا(12)

 ထို့ပြင် ငါအရှင်မြတ်သည် ထိုသူအား မြောက်မြားစွာသော ပစ္စည်းဥစ္စာကိုလည်းကောင်း၊

وَبَنِينَ شُهُودًا(13)

 ရှေ့မှောက်၌ (အမြဲ)အဆင်သင့်ရှိနေကြသော ယောက်ျားများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့၏။

وَمَهَّدتُّ لَهُ تَمْهِيدًا(14)

 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်း၌(စည်းစိမ်ချမ်းသာ အမျိုးမျိုးတို့ကို) အဆင်သင့် ပြုလုပ်၍ ပေးတော်မူခြင်းအားဖြင့် အဆင်ပြေစေတော်မူခဲ့၏။

ثُمَّ يَطْمَعُ أَنْ أَزِيدَ(15)

 သို့ပါလျက် ငါအရှင်မြတ်သည် ၎င်းအား ပိုမို၍ပေးတော်မူရန် ၎င်းသည် လောဘရမ္မက်ထားရှိ၏။

كَلَّا ۖ إِنَّهُ كَانَ لِآيَاتِنَا عَنِيدًا(16)

 (၎င်းမှာ ပိုမိုချီးမြှင့်တော်မူခြင်းကို)အလျှင်း (ခံရမည်) မဟုတ်ပေ။ ဧကန်မလွဲ ၎င်းမှာ ငါအရှင်မြတ်၏အာယတ်တော်၊ သက်သေလက္ခဏာတော်များကို ဆန့်ကျင်သူဖြစ်၏။

سَأُرْهِقُهُ صَعُودًا(17)

 မကြာမြင့်မီပင် ငါအရှင်မြတ်သည် ၎င်းအား(ဂျဟန္နမ်ငရဲ၏) တောင်ပေါ်သို့ အနိုင်အထက်ပြု၍ တက်စေတော်မူမည်။

إِنَّهُ فَكَّرَ وَقَدَّرَ(18)

 ဧကန်စင်စစ် ၎င်းသည် ကြံစည်၍ (ယင်းအကြံအစည်ကို) ဆုံးဖြတ်ခဲ့၏။

فَقُتِلَ كَيْفَ قَدَّرَ(19)

 သို့ဖြစ်ပေရာ ၎င်း သည် ပျက်စီးစေသား၊ ၎င်းသည် (အဘယ်ကဲ့သို့)သော အကြံအစည်ကို ဆုံးဖြတ်ခဲ့ဘိသနည်း။

ثُمَّ قُتِلَ كَيْفَ قَدَّرَ(20)

 ထိုသူသည် ထို့နောက်တစ်ဖန် ထပ်မံ၍ ပျက်စီးစေသား၊ ၎င်းသည် မည်ကဲ့သို့(သောအကြံအစည်ကို) ဆုံးဖြတ်ခဲ့ဘိသနည်း။

ثُمَّ نَظَرَ(21)

 ထို့နောက် ၎င်း သည် (မိမိအမျိုးသားတို့၏ မျက်နှာများကို)ကြည့်ရှုခဲ့လေ၏။ (ကုရ်အာန်ကျမ်းလာ အာယတ်တော်များနှင့်စပ်လျဉ်း၍) စဉ်းစားခဲ့လေ၏။

ثُمَّ عَبَسَ وَبَسَرَ(22)

 ထို့နောက် ၎င်းသည် မျက်နှာရှုံ့ခဲ့၏။ တစ်ဖန်ထပ်မံ၍ပင် ရှုံ့မဲ့ခဲ့၏။

ثُمَّ أَدْبَرَ وَاسْتَكْبَرَ(23)

 ထို့နောက် ၎င်းသည် ကျောခိုင်းခဲ့၏။ မာန်မာန ထောင်လွှားခဲ့၏။

فَقَالَ إِنْ هَٰذَا إِلَّا سِحْرٌ يُؤْثَرُ(24)

 ထို့နောက် ၎င်းက ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် ရှေးအဆက်ဆက်က အဆင့်ဆင့် ရောက်ရှိသောစုန်းအတတ်၊ ဂါထာမန္တရားမှတစ်ပါး အခြား မဟုတ်ဟူ၍လည်းကောင်း၊

إِنْ هَٰذَا إِلَّا قَوْلُ الْبَشَرِ(25)

 ဤသည် လူသား၏ ပြောဆိုချက်မှတစ်ပါး အခြားမဟုတ်ဟူ၍လည်းကောင်း၊ ပြောဆိုခဲ့လေ၏၊

سَأُصْلِيهِ سَقَرَ(26)

 မကြာမြင့်မီပင် ငါအရှင်မြတ်သည် ၎င်းအား "စကရ်"(မည်သော)ငရဲသို့ ဝင်ရောက်စေတော်မူပေမည်။

وَمَا أَدْرَاكَ مَا سَقَرُ(27)

 စင်စစ် (အို-နဗီတမန်တော်) "စကရ်" ငရဲသည် အဘယ်နည်း။ အသင် သိပါသလော။

لَا تُبْقِي وَلَا تَذَرُ(28)

 ယင်း"စကရ်" ငရဲသည် (မည်သည့် ကာဖိရ် တစ်ဦးတစ်ယောက်ကိုမျှ လောင်ကျွမ်း စေခြင်းမပြုဘဲ)ကျွင်းကျန်စေမည်လည်း မဟုတ်ပေ၊ (မည် သည့် ကာဖိရ် တစ်ဦးတစ်ယောက်ကိုမျှပင် မိမိအတွင်းသို့ သိမ်းသွင်းခြင်း မပြုဘဲ) စွန့်လွှတ်၍ထားရှိမည်လည်း မဟုတ်ပေ။

لَوَّاحَةٌ لِّلْبَشَرِ(29)

 (ယင်း "စကရ်"ငရဲသည်) လူသား၏အရေကို အခြေအနေ ပြောင်းလဲအံ့သော၊ ကျွမ်းလောင် ပျက်စီးစေအံ့သော၊ ခွာပစ်အံ့သော၊ အရာဖြစ်၏။

عَلَيْهَا تِسْعَةَ عَشَرَ(30)

 ယင်း"စကရ်"ငရဲ၌ (မလာအိကဟ်ကောင်း ကင်တမန်) ဆယ့်ကိုးပါးတို့သည် (စောင့်ကြပ်လျက်) ရှိကြကုန်အံ့သတည်း။

وَمَا جَعَلْنَا أَصْحَابَ النَّارِ إِلَّا مَلَائِكَةً ۙ وَمَا جَعَلْنَا عِدَّتَهُمْ إِلَّا فِتْنَةً لِّلَّذِينَ كَفَرُوا لِيَسْتَيْقِنَ الَّذِينَ أُوتُوا الْكِتَابَ وَيَزْدَادَ الَّذِينَ آمَنُوا إِيمَانًا ۙ وَلَا يَرْتَابَ الَّذِينَ أُوتُوا الْكِتَابَ وَالْمُؤْمِنُونَ ۙ وَلِيَقُولَ الَّذِينَ فِي قُلُوبِهِم مَّرَضٌ وَالْكَافِرُونَ مَاذَا أَرَادَ اللَّهُ بِهَٰذَا مَثَلًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ مَن يَشَاءُ وَيَهْدِي مَن يَشَاءُ ۚ وَمَا يَعْلَمُ جُنُودَ رَبِّكَ إِلَّا هُوَ ۚ وَمَا هِيَ إِلَّا ذِكْرَىٰ لِلْبَشَرِ(31)

 စင်စစ်သော်ကား ငါအရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်များကိုသာလျှင် ငရဲစောင့်များအဖြစ် ခန့်အပ်ထားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုအစောင့်အကြပ်တို့၏ အရေအတွက်ကို ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အဖို့ စမ်းသပ်မှုသာလျှင် ပြုလုပ်ထားတော်မူ၏။ နောက်ဆုံးတွင် ကျမ်းဂန်ကို ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့သည် ယုံကြည်လာကြသည့်ပြင် "မုအ်မင်န်" သက်ဝင်ယုံကြည်သောသူတို့မှာ "အီမာန်" သက်ဝင်ယုံကြည်မှု တိုးပွားလာကြပေမည်။ ထို့ပြင် ကျမ်းဂန်ကို ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့သည်လည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည်သော သူတို့သည်လည်းကောင်း၊ ယုံမှားသံသယဖြစ်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး နောက်ဆုံး စိတ်နှလုံးများတွင် ရောဂါဝေဒနာ ရှိနေသောသူတို့သည်လည်းကောင်း၊ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည်လည်းကောင်း၊ ဤသည့်(အရေအတွက်)ကို မိန့်ကြားတော်မူခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် မည်သည့်အရာကို ရည်စူးတော်မူပါသနည်းဟု ပြောဆိုလာကြပေမည်။ ထိုသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှား၌ပင် ရှိမြဲရှိနေစေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှန်ကို ညွှန်ပြတော်မူ၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ စစ်တပ်များကို ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှပင် သိရှိမည်မဟုတ်ပေ။ အမှန်သော်ကား ယင်း"စကရ်"ငရဲနှင့်သက်ဆိုင်သောအကြောင်း အာယတ်တော်များကား လူသားတို့အဖို့ ဆုံးမဩဝါဒသည်သာလျှင် ဖြစ်ပေသည်။

كَلَّا وَالْقَمَرِ(32)

 မှတ်ယူကြလေကုန်။ (ငါအရှင်မြတ်သည်) "လ"ကို သက်သေထူတော်မူ၏။

وَاللَّيْلِ إِذْ أَدْبَرَ(33)

 ၎င်းပြင် (ငါအရှင်မြတ်သည်) "ညဉ့်" ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ယင်းညဉ့်သည် ဆုတ်ခွာ၍သွားလေ၏။

وَالصُّبْحِ إِذَا أَسْفَرَ(34)

 ထို့ပြင် (ငါအရှင်မြတ်သည်) နံနက်အချိန်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ယင်းနံနက် အချိန်သည် လင်း၍လာခဲ့၏။

إِنَّهَا لَإِحْدَى الْكُبَرِ(35)

 ဧကန်မလွဲ ယင်း "စကရ်"မှာ (ဂျဟန္နမ်ငရဲ၏)အကြီးအကျယ် ကြောက်မက်ဖွယ်ကောင်းသော (အထပ်များ)အနက် တစ်ခုဖြစ်၏။

نَذِيرًا لِّلْبَشَرِ(36)

 (ယင်း"စကရ်"သည်) လူသားအား လွန်စွာသတိပေး နှိုးဆော်လျက်ရှိ၏။

لِمَن شَاءَ مِنكُمْ أَن يَتَقَدَّمَ أَوْ يَتَأَخَّرَ(37)

 (ဝါ) အသင်တို့အနက် ရှေ့သို့တိုးလိုသောသူ၊ သို့တည်း နောက်ဆုတ်လိုသောသူအား (သတိပေး နှိုးဆော်လျက်ပင် ရှိပေသတည်း)။

كُلُّ نَفْسٍ بِمَا كَسَبَتْ رَهِينَةٌ(38)

 လူတိုင်းလူတိုင်းမှာ မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသော အပြုအမူများနှင့်စပ်လျဉ်း၍ ချုပ်နှောင်ထားပြီး ဖြစ်ကြပေမည်။

إِلَّا أَصْحَابَ الْيَمِينِ(39)

 သို့ရာတွင် လက်ယာဘက်သားတို့မှာမူကား၊

فِي جَنَّاتٍ يَتَسَاءَلُونَ(40)

 (ဂျန္နတ်သုခ၏) ဥယျာဉ်များဝယ် ရှိကြပေမည်။၎င်းတို့သည် မေးမြန်းလျက်ရှိကြပေမည်။

عَنِ الْمُجْرِمِينَ(41)

 အပြစ်ရှိသူတို့နှင့်ပတ်သက်၍၊

مَا سَلَكَكُمْ فِي سَقَرَ(42)

 မည်သည့်အရာသည် အသင်တို့အား ‘စကရ်’ ငရဲထဲသို့ ဆောင်ကျဉ်းခဲ့သနည်းဟူ၍။

قَالُوا لَمْ نَكُ مِنَ الْمُصَلِّينَ(43)

 ၎င်းတို့က (ဤသို့) ပြောဆိုကြပေမည်။ ကျွန်ုပ်တို့သည် "ဆွလာတ်" ဝတ်ပြုသူတို့တွင် ပါဝင်ခဲ့ကြသည်လည်း မဟုတ်ပေ။

وَلَمْ نَكُ نُطْعِمُ الْمِسْكِينَ(44)

 ၎င်းပြင် ကျွန်ုပ်တို့သည် သူဆင်းရဲတို့အားလည်း ကျွေးမွေးလေ့ရှိခဲ့ကြသည် မဟုတ်ပေ။

وَكُنَّا نَخُوضُ مَعَ الْخَائِضِينَ(45)

 ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အချည်းနှီးသော ကိစ္စများကို ပြုလုပ်သောသူတို့နှင့်အတူ အချည်းနှီးသော ကိစ္စများကိုသာ လုပ်နေခဲ့ကြ၏။

وَكُنَّا نُكَذِّبُ بِيَوْمِ الدِّينِ(46)

 ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အစားပေးမည့်နေ့ကိုလည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်နေခဲ့ကြ၏။

حَتَّىٰ أَتَانَا الْيَقِينُ(47)

 နောက်ဆုံးတွင် "မရဏ" သေခြင်းတရားသည် ကျွန်ုပ်တို့ထံ ရောက်ရှိ၍လာခဲ့လေ၏။

فَمَا تَنفَعُهُمْ شَفَاعَةُ الشَّافِعِينَ(48)

 သို့ဖြစ်ပေရာ ကြားဝင်အသနားခံ၍ ပေးသူတို့၏ ကြားဝင်အသနားခံပေးမှုသည် ၎င်းတို့အား အကျိုးပေးမည် မဟုတ်ပေ။

فَمَا لَهُمْ عَنِ التَّذْكِرَةِ مُعْرِضِينَ(49)

 ၎င်းတို့၌ မည်သည့် အကြောင်းရှိသဖြင့် ဆုံးမဩဝါဒဘက်မှ မျက်နှာလွှဲလျက်ရှိကြသနည်း။

كَأَنَّهُمْ حُمُرٌ مُّسْتَنفِرَةٌ(50)

 ၎င်းတို့မှာ (အကြင်) ထွက်ပြေးနေသော မြည်းသတ္တဝါများကဲ့သို့ပင် ဖြစ်ကြကုန်၏။

فَرَّتْ مِن قَسْوَرَةٍ(51)

 ယင်း မြည်းသတ္တဝါတို့ကား ကျားတိရစ္ဆာန်(၏ဘေးရန်မှ) (လွတ်မြောက်ရန်) ထွက်ပြေးလျက် ရှိကြကုန်၏။

بَلْ يُرِيدُ كُلُّ امْرِئٍ مِّنْهُمْ أَن يُؤْتَىٰ صُحُفًا مُّنَشَّرَةً(52)

 စင်စစ်မှာကား ၎င်းတို့အနက် လူတိုင်းလူတိုင်းသည် ဖွင့်ထားသော ကျမ်းဂန်များကို ချီးမြှင့်ပေးသနားတော်မူခြင်းကို ခံလိုကြကုန်၏။

كَلَّا ۖ بَل لَّا يَخَافُونَ الْآخِرَةَ(53)

 (၎င်းတို့သည် ယင်းသို့ ချီးမြှင့်ပေးသနားတော်မူခြင်းကို) အလျှင်း(ခံကြရမည်) မဟုတ်ပေ။ စင်စစ်မှာကား ၎င်းတို့သည် "အာခိရတ်" တမလွန်ဘဝကို ကြောက်ရွံ့စိုးရိမ်ကြသည် မဟုတ်ပေ။

كَلَّا إِنَّهُ تَذْكِرَةٌ(54)

 မှတ်ယူကြလေကုန်။ ဧကန်မလွဲ ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ဆုံးမဩဝါဒပင် ဖြစ်ပေသည်။

فَمَن شَاءَ ذَكَرَهُ(55)

 သို့ဖြစ်ပေရာ မည်သူမဆို အလိုရှိခဲ့မူ ယင်းဆုံးမဩဝါဒကို လေ့ကျက်မှတ်သား တရားရယူရပေမည်။

وَمَا يَذْكُرُونَ إِلَّا أَن يَشَاءَ اللَّهُ ۚ هُوَ أَهْلُ التَّقْوَىٰ وَأَهْلُ الْمَغْفِرَةِ(56)

 စင်စစ်သော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အလိုတော်ရှိမှသာလျှင် လေ့ကျက်မှတ်သား တရား ရယူနိုင်ကြပေမည်။ ထိုအရှင်မြတ်သာလျှင် ကြောက်ရွံ့ထိုက်တော်မူသောအရှင်၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့သောအရှင်၊ ဖြစ်တော်မူပေသတည်း။


Больше сур в бирманский:


Аль-Бакара Аль-'Имран Ан-Ниса'
Аль-Маида Юсуф Ибрахим
Аль-Хиджр Аль-Кахф Марьям
Аль-Хадж Аль-Касас Аль-'Анкабут
Ас-Саджда Я-Син Ад-Духан
Аль-Фатх Аль-Худжурат Каф
Ан-Наджм Ар-Рахман Аль-Ваки'а
Аль-Хашр Аль-Мульк Аль-Хакка
Аль-Иншикак Аль-А'ла Аль-Гашия

Скачать суру Al-Muddaththir с голосом самых известных рекитаторов Корана:

Сура Al-Muddaththir mp3: выберите рекитатора, чтобы прослушать и скачать главу Al-Muddaththir полностью в высоком качестве
surah Al-Muddaththir Ahmed El Agamy
Ahmed Al Ajmy
surah Al-Muddaththir Bandar Balila
Bandar Balila
surah Al-Muddaththir Khalid Al Jalil
Khalid Al Jalil
surah Al-Muddaththir Saad Al Ghamdi
Saad Al Ghamdi
surah Al-Muddaththir Saud Al Shuraim
Saud Al Shuraim
surah Al-Muddaththir Abdul Basit Abdul Samad
Abdul Basit
surah Al-Muddaththir Abdul Rashid Sufi
Abdul Rashid Sufi
surah Al-Muddaththir Abdullah Basfar
Abdullah Basfar
surah Al-Muddaththir Abdullah Awwad Al Juhani
Abdullah Al Juhani
surah Al-Muddaththir Fares Abbad
Fares Abbad
surah Al-Muddaththir Maher Al Muaiqly
Maher Al Muaiqly
surah Al-Muddaththir Muhammad Siddiq Al Minshawi
Al Minshawi
surah Al-Muddaththir Al Hosary
Al Hosary
surah Al-Muddaththir Al-afasi
Mishari Al-afasi
surah Al-Muddaththir Yasser Al Dosari
Yasser Al Dosari


Tuesday, May 14, 2024

Помолитесь за нас хорошей молитвой