အလ်-အန်အာမ် · 46/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قُلْ أَرَأَيْتُمْ إِنْ أَخَذَ اللَّهُ سَمْعَكُمْ وَأَبْصَارَكُمْ وَخَتَمَ عَلَىٰ قُلُوبِكُم مَّنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُم بِهِ ۗ انظُرْ كَيْفَ نُصَرِّفُ الْآيَاتِ ثُمَّ هُمْ يَصْدِفُونَ ۝٤٦
Qul ara`aitum in akhazal laahu sam`akum wa absaarakum wa khatama `alaa quloobikum man ilaahun ghairul laahi yaateekum bih; unzur kaifa nusarriful Aayaati summa hum yasdifoon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်)အသင်ပြောပါလေ(အချင်းတို့) အသင်တို့ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ကြားခြင်းသတ္တိနှင့် မြင်ခြင်းသတ္တိများကိုရုပ်သိမ်းတော်မူသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်တော်မူခဲ့သော်၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ထိုသတ္တိ(များ)ကို အသင်တို့အား ပြန်လည်ပေးမည့်ကိုးကွယ်ရာအရှင် မည်သူရှိသနည်း။ (အို-နဗီတမန်၊တော်) ငါအရှင်မြတ်သည် (တောင်ဟီဒ်နှင့်စပ်လျဉ်း၍) သက်သေသာဓကများကို မည်သို့မည်ပံ(အမျိုးမျိုးအဖုံဖုံ) ပြသတော်မူလျက်ရှိသည်ကို အသင်ရှုပါလေ။ သို့ပါလျက် ထိုသူများသည်လွဲဖယ်လျက် ရှိကြပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်။
  • أَرَأَيْتُمْ (အာရာအိုင်တွမ်) — သင်တို့ပြောပြကြပါ၊ သင်တို့သိပါသလား၊ ကျွန်ုပ်အား အသိပေးကြပါ။
  • أَخَذَ (အ�ခဇ) — သိမ်းယူခဲ့၊ နုတ်ယူခဲ့၊ ဖျက်ဆီးခဲ့။
  • خَتَمَ (ခါတမ) — တံဆိပ်ခတ်ခဲ့၊ ပိတ်ခဲ့၊ လုံခြုံစွာပိတ်ထားခဲ့။
  • يَصْدِفُونَ (ယဆ်ဒိဖူန) — မျက်နှာလွှဲကြ၏၊ လျစ်လျူရှုကြ၏၊ ကျောခိုင်းကြ၏။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ ဤအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများအား ပြောကြားလိုက်ပါ — သင်တို့ပြောပြကြပါ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ နားများကို နုတ်ယူဖျက်ဆီးတော်မူခဲ့လျှင် သင်တို့သည် နားပင်းသူများ ဖြစ်သွားကြမည်။ သင်တို့၏ မျက်စိများကို နုတ်ယူတော်မူခဲ့လျှင် သင်တို့သည် မျက်စိကန်းသူများ ဖြစ်သွားကြမည်။ ထို့ပြင် သင်တို့၏ စိတ်နှလုံးများအပေါ် တံဆိပ်ခတ်တော်မူခဲ့လျှင် သင်တို့သည် မည်သည့်အရာကိုမျှ နားလည်သဘောပေါက်နိုင်တော့မည် မဟုတ်ပေ။ ထိုသို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သည့်ကိုးကွယ်ရာက သင်တို့ထံ ထိုဆုံးရှုံးသွားသည့်အရာများကို ပြန်လည်ပေးအပ်နိုင်မည်နည်း။ အို တမန်တော်၊ ငါအရှင်မြတ်သည် သက်သေအထောက်အထားများနှင့် သက်သေလက္ခဏာများကို မည်သို့ အမျိုးမျိုးအဖုံဖုံ ရှင်းလင်းတင်ပြတော်မူသည်ကို သင်ကြည့်ပါ။ ထိုသို့ရှင်းလင်းစွာ တင်ပြပြီးနောက်တွင်ပင် သူတို့သည် မျက်နှာလွှဲကျောခိုင်း၍ လျစ်လျူရှုကြလေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ထိုက်သော အရှင်ဖြစ်တော်မူကြောင်း၊ နားနှင့်မျက်စိနှင့် စိတ်နှလုံးတို့ကို ပေးသနားတော်မူသော အရှင်သည် ထိုအရာများကို ပြန်လည်နုတ်ယူပိုင်ခွင့်ရှိသော အရှင်လည်းဖြစ်တော်မူကြောင်း သိရှိစေသည်။
  • လူသားတို့သည် မိမိတို့၏ နား၊ မျက်စိ၊ စိတ်နှလုံးတို့ကို အလ္လာဟ်အရှင်မြတ် ပေးအပ်ထားတော်မူသော ကျေးဇူးတော်များအဖြစ် အသိအမှတ်ပြုပြီး ထိုကျေးဇူးတော်များကို အရှင်မြတ် ကျေနပ်နှစ်သက်တော်မူသည့်နည်းလမ်းများဖြင့်သာ အသုံးပြုသင့်သည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားတ


📜 အာယာသ် 44-48 — စူရာ အလ်-အန်အာမ်

44فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ فَتَحْنَا عَلَيْهِمْ أَبْوَابَ كُلِّ شَيْءٍ حَتَّىٰ إِذَا فَرِحُوا بِمَا أُوتُوا أَخَذْنَاهُم بَغْتَةً فَإِذَا هُم مُّبْلِسُونَ
ထို့နောက် ၎င်းတို့သည် မိမိတို့အား သတိပေးနှိုးဆော်ခြင်းခံကြရလေသော ကိစ္စများကို မေ့ပျောက်ထားခဲ့ကြ၏။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ ခပ်သိမ်းကုန်သော စည်းစိမ်တို့၏တံခါးများကို ဖွင့်လှစ်ပေးတော်မူလိုက်��။နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့ရရှိကြကုန်သော စည်းစိမ်တို့နှင့်စပ်လျဉ်း၍ မော်ကြွား၍ လာကြပြန်သောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား ရုတ်တရက်ဖမ်းဆီး (ပြစ်ဒဏ်ပေး)တော်မူလိုက်၏။ ထိုအခါ ၎င်းတို့သည် မျှော်လင့်ချက် ကုန်ဆုံး၍တွေဝေ မိန်းမောသွားကြလေသည်။
45فَقُطِعَ دَابِرُ الْقَوْمِ الَّذِينَ ظَلَمُوا ۚ وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ထို့နောက် မတော်မတရား ပြုမူကြကုန်သောသူတို့၏ အခြေအမြစ်သည် ပြတ်သွားလေတော့၏။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အမှန်စင်စစ်အားဖြင့် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။
46قُلْ أَرَأَيْتُمْ إِنْ أَخَذَ اللَّهُ سَمْعَكُمْ وَأَبْصَارَكُمْ وَخَتَمَ عَلَىٰ قُلُوبِكُم مَّنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُم بِهِ ۗ انظُرْ كَيْفَ نُصَرِّفُ الْآيَاتِ ثُمَّ هُمْ يَصْدِفُونَ
(အို-နဗီတမန်တော်)အသင်ပြောပါလေ(အချင်းတို့) အသင်တို့ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ကြားခြင်းသတ္တိနှင့် မြင်ခြင်းသတ္တိများကိုရုပ်သိမ်းတော်မူသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်တော်မူခဲ့သော်၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ထိုသတ္တိ(များ)ကို အသင်တို့အား ပြန်လည်ပေးမည့်ကိုးကွယ်ရာအရှင် မည်သူရှိသနည်း။ (အို-နဗီတမန်၊တော်) ငါအရှင်မြတ်သည် (တောင်ဟီဒ်နှင့်စပ်လျဉ်း၍) သက်သေသာဓကများကို မည်သို့မည်ပံ(အမျိုးမျိုးအဖုံဖုံ) ပြသတော်မူလျက်ရှိသည်ကို အသင်ရှုပါလေ။ သို့ပါလျက် ထိုသူများသည်လွဲဖယ်လျက် ရှိကြပေသည်။
47قُلْ أَرَأَيْتَكُمْ إِنْ أَتَاكُمْ عَذَابُ اللَّهِ بَغْتَةً أَوْ جَهْرَةً هَلْ يُهْلَكُ إِلَّا الْقَوْمُ الظَّالِمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့ ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်၏အပြစ်ဒဏ်သည်အသင်တို့ထံ ရုတ်တရက်သော်လည်းကောင်း၊ အထင်အရှားသော်လည်းကောင်း၊ ရောက်ရှိလာလတ်သော် မတော်မတရားပြုကျင့်ကြကုန်သောသူတို့မှအပ (အခြားမည်သူများ) ပျက်စီးစေခြင်းခံကြရဦးမည်နည်း။
48وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ ۖ فَمَنْ آمَنَ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
၎င်းပြင် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပေါင်းတို့ကို ဝမ်းမြောက်ဘွယ်သတင်းပေးသူများနှင့် သတိပေးနှိုးဆော်သူများအဖြစ်သာလျှင် စေလွှတ်လေ့ရှိတော်မူ၏။သို့ဖြစ်ပေရာ မည်သူမဆို အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကာ(မိမိအခြေအနေကို)ပြုပြင်ခဲ့ပါမူ ထိုကဲ့သို့သောသူတို့၌ မည်သည့်စိုးရိမ်မှုမျှမရှိချေ။ ၎င်းတို့သည် ပူဆွေးကြရမည်လည်းမဟုတ်ပေ။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
46အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 46

စူရာ အလ်-အန်အာမ် အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်)အသင်ပြောပါလေ(အချင်းတို့) အသင်တို့ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ကြားခြင်းသတ္တိနှင့် မြင်ခြင်းသတ္တိများကိုရုပ်သိမ်းတော်မူသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်တော်မူခဲ့သော်၊…

စူရာ အာယာသ် 46/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers