အန်-နီဆာ · 70/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
ذَٰلِكَ الْفَضْلُ مِنَ اللَّهِ ۚ وَكَفَىٰ بِاللَّهِ عَلِيمًا ۝٧٠
Zaalikal fadlu minal laah; wa kafaa billaahi `Aleemaa
📖 မြန်မာဘာသာ
ဤသည်ကား၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ ကျေးဇူးတော်ပင်တည်း။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်အဖြစ် လုံလောက်လှတော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 68-72 — စူရာ အန်-နီဆာ

68وَلَهَدَيْنَاهُمْ صِرَاطًا مُّسْتَقِيمًا
ထိုမှတစ်ပါး၊ ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ကိုလည်း ညွှန်ကြားပြသတော်မူပေမည်။
69وَمَن يُطِعِ اللَّهَ وَالرَّسُولَ فَأُولَٰئِكَ مَعَ الَّذِينَ أَنْعَمَ اللَّهُ عَلَيْهِم مِّنَ النَّبِيِّينَ وَالصِّدِّيقِينَ وَالشُّهَدَاءِ وَالصَّالِحِينَ ۚ وَحَسُنَ أُولَٰئِكَ رَفِيقًا
အမှန်စင်စစ်သော်က�း၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ (အမိန့်တော်များ) ကိုလည်းကောင်း လိုက်နာအံ။ ယင်း (ကဲ့သို့သော) သူတို့သည် အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော နဗီတမန်တော်များ၊ ‘ဆွစ်ဒ္ဒီက်’ တိကျမှန်ကန်စွာ ပြောဆိုပြုလုပ်ဆောင်ရွက်သူများ၊ ‘ရှဟီဒ်’ အလ္လာဟ် အရှင်မြတ်၏လမ်းတော်၌ အသက်ဇီဝိန်ကိုစွန့်သူ များ၊ ‘ဆွာလိဟ်’သူတော်စင် သူတော်ကောင်းများနှင့် အတူတကွရှိကြလတ္တံ့။ စင်စစ်ဆိုသော် ယင်းသူတို့သည် အဘယ်မျှလောက် မွန်မြတ်လှစွာသော ‘မိတ်သဟာရ’ အဖော်အဖက်များ ဖြစ်ကြပေသနည်း။
70ذَٰلِكَ الْفَضْلُ مِنَ اللَّهِ ۚ وَكَفَىٰ بِاللَّهِ عَلِيمًا
ဤသည်ကား၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ ကျေးဇူးတော်ပင်တည်း။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်အဖြစ် လုံလောက်လှတော်မူပေသတည်း။
71يَا أَيُّهَا الَّذِينَ آمَنُوا خُذُوا حِذْرَكُمْ فَانفِرُوا ثُبَاتٍ أَوِ انفِرُوا جَمِيعًا
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ (ကြိုတင်) ကာကွယ်မှုကို ပြင်ဆင်ပြုလုပ်ကြလေကုန်။ (တစ်နည်း- အသင်တို့သည် မိမိတို့၏လက်နက်များကို စွဲကိုင် ထားကြလေကုန်။) ထို့နောက် အသင်တို့သည် (ရန်သူတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) အစုလိုက် ချီတက်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စည်းတစ်လုံးတည်း ချီတက်ကြလေကုန်။
72وَإِنَّ مِنكُمْ لَمَن لَّيُبَطِّئَنَّ فَإِنْ أَصَابَتْكُم مُّصِيبَةٌ قَالَ قَدْ أَنْعَمَ اللَّهُ عَلَيَّ إِذْ لَمْ أَكُن مَّعَهُمْ شَهِيدًا
၎င်းပြင် မုချဧကန် အသင်တို့တွင် အကြင်ကဲ့သို့သောသူလည်းရှိ၏။ ထိုသူသည် (စစ် မြေပြင်သို့ လိုက်ပါသွားခြင်းမပြုဘဲ) ဖင့်နွဲ့ဆိုင်းတွ (ကျန်ရစ်) လေသည်။ တစ်ဖန် အကယ်၍ အသင်တို့၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့မူ ထိုသူက “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့လေပြီ။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်သည် ထိုသူတို့နှင့်အတူ (စစ်မြေပြင်သို့) လိုက်ပါသွားခြင်းမရှိခဲ့ပြီ” ဟု ပြောဆိုလေသည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
70အာယာသ်

ဘာသာပြန် — အန်-နီဆာ 70

စူရာ အန်-နီဆာ အာယာသ် 70 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသည်ကား၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ ကျေးဇူးတော်ပင်တည်း။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်အဖြစ် လုံလောက်လှတော်မူပေသတည်း။

စူရာ အာယာသ် 70/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 68–72. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers